လူငယ်မျိုးသစ်တွေကို တာဝန်ပေး ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2014.08.30

Photo: Thiha Tun, Tun Myint/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ် ကတည်းက ခက်ခဲကြမ်းတမ်းတဲ့ကာလတွေမှာ တာဝန်ယူခဲ့ကြတဲ့ လူလတ်ပိုင်းတွေအနေနဲ့ မျိုးဆက်သစ် လူငယ်တွေကို အခွင့်အရေး သို့မဟုတ် ရွေးချယ်ပိုင် ခွင့်တွေ ပေးဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန်ယူခဲ့ကြတဲ့ လူလတ်ပိုင်းနဲ့ လူငယ်မျိုးဆက်တွေရဲ့ တွေ့ဆုံပွဲကို ဒီနေ့ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်းနှင်းဆီခန်းမမှာ ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။
"NLD ရဲ့ ခက်ခဲတဲ့အချိန်ကာလတွေကို သတ္တိရှိရှိ နဲ့ ကျော်လွှားခဲ့တဲ့ အခုလူလတ်ပိုင်းတွေဟာ ကျမတို့နိုင်ငံရဲ့ အခုလက်ရှိပြဿနာတွေကိုလည်း သတ္တိရှိရှိနဲ့ ပညာရှိရှိ ကျော်လွှားဖို့လိုတယ်ဆိုတာ အသိအမှတ်ပြုစေချင်တယ်၊ နောက်ပြီးတတ်နိုင်သမျှ လူငယ်မျိုးဆက်သစ်တွေကို အခွင့်အရေးတွေ အများကြီးပေးဖို့၊ အခွင့်အရေးဆိုတာ အခွင့်အရေးယူတဲ့သဘော မဟုတ်ဘူး၊ ရွေးချယ်ပိုင်ခွင့်တွေလို့ ပြောရမှာပေ့ါ၊ ရွေးချယ်ပိုင်ခွင့်တွေ ပေးနိုင်သမျှပေးဖို့ ကြိုးစားစေချင်တယ်"
ဒါ့အပြင် မြန်မာနိုင်ငံက လူငယ်တွေကြား အလုပ်လက်မဲ့ပြဿနာ နဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားနေတာကိုလည်း ဝိုင်းဝန်းအဖြေရှာကြဖို့ကို တိုက်တွန်းခဲ့ပါတယ်။
"ကျမတို့နိုင်ငံမှာ အခုဆိုရင် အလုပ်လက်မဲ့လူငယ်တွေ အင်မတန်များတယ်၊ ဒီနိုင်ငံရဲ့ အဓိကပြဿနာကြီးတစ်ခုပဲ၊ ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အားလုံးကဝိုင်းဝန်းပြီးတော့ စဉ်းစားပေးဖို့ဖြစ်တယ်၊ ဘွဲ့တော့ရထားပြီ ဘာအလုပ်မှမရှိဘူး၊ လုပ်စရာအလုပ်ကျလည်းမရှိဘူး၊ ဒါဟာ ကျမတို့ိုနိုင်ငံလူငယ်တွေရဲ့ ပြဿနာကြီးတစ်ခုဖြစ်တယ်၊ အဲဒီပြဿနာနဲ့ ဆက်နွယ်နေတာ မူးယစ်ဆေးဝါးကိစ္စပဲ၊ အဲဒီတော့ အလုပ်မရှိတဲ့လူငယ်များဟာ စိတ်လေတယ်၊ အလုပ်မဲ့တာဟာ ပြဿနာမဟုတ်ဘူး၊ မျှော်လင့်ချက်မဲ့သွားရင်တော့ ပြဿနာဖြစ်ပြီ"
ဒီနေ့ကျင်းပတဲ့ လူငယ်တွေ့ဆုံဆွေးနွေးပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ချိန်ကစပြီး တာဝန်ယူခဲ့ကြတဲ့ အဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံတွေကို မျိုးဆက်သစ်လူငယ်တွေကို ပြန်လည်မျှဝေဖို့အတွက် ကျင်းပတာလို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ နှစ်ပေါင်း ၂၆ နှစ်အတွင်း အဆက်ဆက်တာဝန်ယူခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေရဲ့ ဒီနေ့တွေ့ဆုံပွဲအပေါ်သုံးသပ်ချက်နဲ့ မျိုးဆက်ဟောင်းက မျိုးဆက်သစ်ကို အကြံပြုချက်တွေနဲ့ ပတ်သက်လို့ NLD လူငယ်တာဝန်ခံဟောင်း ကိုရန်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။