လယ်ယာမြေတွေ အလွယ်တကူ မရောင်းကြဖို့ ဒေါ်အောင်ဆန်း စုကြည် မေတ္တာရပ်ခံ


2014.08.30
dassk-kawmu-farmers-305.jpg ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ သြဂုတ်လ ၃ဝ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တောင်သူလယ်သမားတွေ တွေ့ဆုံစဉ်
Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA

တောင်သူလယ်သမားတွေအနေနဲ့ မိမိတို့ လယ်ယာမြေတွေကို အလွယ်တကူ မရောင်းချကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေ က တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် မှာ မေတ္တာရပ်ခံလိုက်ပါတယ်။

ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ မနက်ပိုင်းကကျင်းပတဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က အဲဒီလို မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။
"အကြွေးပိနေလို့ ဒီဝန်ကိုမခံနိုင်လို့ လွယ်လွယ်နဲ့ ကိုယ့်ရဲ့မြေကို မရောင်းပါနဲ့လို့၊ ကျမတို့နဲ့ ဆက်သွယ်ပါ၊ ဆက်သွယ်ပြီးတော့ အခက်အခဲ ဘယ်လိုရှိလည်းပြောပါ၊ ကျမသိတယ်နော်၊ လိုက်ပြီးတော့ မြေတွေဝယ်နေတဲ့သူတွေရှိတယ်ဆိုတာ၊ မရောင်းပါနဲ့ လွယ်လွယ်နဲ့ မရောင်းပါနဲ့၊ စဉ်းစားကြည့်ပါ၊ လွယ်လွယ်နဲ့ လျှောက်ပြီးတော့ ဝယ်နေတဲ့သူတွေဟာ သူတို့မှာ အကျိုးအမြတ်မရှိပဲနဲ့ လုပ်ပါ့မလား၊ အဲဒီ့ဟာလေး ကိုစဉ်းစားပြီးတော့ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံပါတယ်"
အဲဒီမြို့နယ်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေဟာ လယ်မြေတွေကို လိုက်လံဝယ်ယူနေတဲ့အတွက် လယ်သမားတွေ အနေနဲ့ အလွယ်တကူ မရောင်းချကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ လယ်သမားတွေဘက်ကလည်း စိုက်ပျိုးရေးမှာ စက်အစားထိုးအသုံးပြုနိုင်ရေး၊ ချေးငွေကိစ္စ၊ အသိမ်းခံလယ်ယာမြေ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အစိုးရဝန်ထမ်းတွေနဲ့လည်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ဇော်ဝင်းက တင်ပြမှာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။