ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမတ်ကြီးတွေ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင် ငံခြားရေးုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒိန်းမတ် သံအမတ်ကြီးနဲ့ ဗြိတိန်သံရုံး ဒုတိယအကြီးအကဲ တို့ ကို နေပြည်တော်မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က တွေ့ဆုံ ခဲ့ပါတယ်။
-
2017-02-23 -
-
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိန်းမတ်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီးနဲ့ ဗြိတိန်သံရုံး ဒုတိယအကြီးအကဲတို့ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
Myanmar State Counsellor Office FB
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒိန်းမတ်သံအမတ်ကြီးနဲ့ ဗြိတိန်သံရုံး ဒုတိယအကြီးအကဲ တို့ကို နေပြည်တော်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်နဲ့ စပ်လျဉ်းတဲ့ကိစ္စတွေ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အသေးစိပ်ကိုတော့ မသိရပါဘူး။
အမေရိကန်သံအမတ်ကြီး မာစီရယ်လ်ဟာ အဲဒီမတိုင်ခင်တရက်ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းနဲ့တွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးခဲ့ပါတယ်။