ဆေးရုံကြီးက သံဃာတွေကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းခံရချိန်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေပြားနဲ့မေးရိုးအထူးကုဌာနမှာ တက်ရောက် ကုသနေတဲ့ သံဃာတော်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး၊ သံဃာတော်တွေရဲ့ ကျန်းမာရေးတိုးတက်မူ အခြေအနေတွေကို ကြည့်ရှုအားပေးခဲ့ပါတယ်။

2012.12.17
dassk_check_hospital_305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင်သပိတ်စခန်း ဖြိုခွင်းခံရမှုမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေကို ရန်ကုန်ပြည်သူ့ဆေးရုံမှာ သွားရောက်တွေ့ဆုံနေစဉ်
Photo: RFA

ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ကျော်နဲ့ လည်းတွေ့ဆုံပြီး ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်တွေကိုလည်း မေးမြန်းဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွန်းမံပြီး အဆင့်မြင့် ဆေးရုံကြီး ဖြစ်မြောက်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို နိုဝင်ဘာလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က  ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။