ဒေါ်အောင်ဆန်းစုကြည်မိသားစုနဲ့ လန်ဒန်ရောက်မြန်မာတွေ မွေးနေ့ပွဲကျင်းပ

၂ဝ၂၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က လန်ဒန်မြို့တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်နှင့် မြေးနှစ်ဦး။
၂ဝ၂၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က လန်ဒန်မြို့တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်နှင့် မြေးနှစ်ဦး။ (Citizen Journalist)

ဒေါ်အောင်ဆန်းစုကြည် အသက် ၇၈ နှစ်ပြည့်မွေးနေ့ကို ဇွန်လ ၂၅ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရောက် မြန်မာတွေ စုပေါင်းကျင်းပခဲ့ပါတယ်။

မွေးနေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်နဲ့ မြေးနှစ်ဦး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဗြိတိန်သံအမတ်တွေဖြစ်တဲ့ ဦးမောင်မောင်၊ ဒေါက်တာသက်ကိုကိုတို့နဲ့အတူ လူပေါင်း ၁ဝဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

DASSK Birthday (4).jpg
Photo: Citizen Journalist

မိခင်ဖြစ်သူနဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ကင်မ်အဲရစ်ကတောင်းဆိုခဲ့ပါတယ်။

"အမေစုမွေးနေ့က ဇွန်လ ၁၉ ရက်နေ့၊ တနင်္လာနေ့ဆိုတော့ လူတော်တော်များများက ရုံးတွေကနေ အလုပ်ပိတ်ရက်မရကြဘူး။ ဒါကြောင့် ဒီတနင်္ဂနွေနေ့မှာမှ အားလုံးစုပေါင်းပြီး ကြီးကြီးကျယ်ကျယ်လုပ်နိုင်တာ၊ အမေစုကျန်းမာပါစေ၊ အသက်ရှည်ပါစေ၊ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းနေတယ်" လို့ ဒေါက်တာသက်ကိုကိုက ပြောပါတယ်။

DASSK Birthday (2).jpg
Photo: Citizen Journalist

မွေးနေ့အခမ်းအနားနဲ့အတူ မြန်မာပြည်သူတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေစျေးရောင်းပွဲလည်း ကျင်းပခဲ့ပါတယ်။

DASSK Birthday (5).jpg
Photo: Citizen Journalist

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၂၃ နှစ် ဇွန်လ ၁၉ ရက်နေ့က အသက် ၇၈ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိ နေပြည်တော်အချုပ်ထောင်မှာ စွပ်စွဲချက်ပုဒ်မ ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။