ဒုတိယအကြိမ် ခြောက်ပွင့် ဆိုင် မေလဆန်းမှာဖြစ်ဖွယ်ရှိ လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2015.04.22
6talks-meet-305 နေပြည်တော်က သမ္မတအိမ်တော်မှာ ဧပြီလ ၁ဝ ရက်နေ့က ကျင်းပတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

ဒုတိယအကြိမ်ကျင်းပမယ့် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ပွဲကို လာမယ့်မေလဆန်းမှာ ကျင်းပနိုင်ဖွယ် ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျင်းပတဲ့ ဗဟိုအလုပ် အမှုဆောင် ကော်မတီအစည်းဝေး မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ပထမ အကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲနဲ့ပတ် သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကော်မတီ ဝင်တွေကို ရှင်းပြရာမှာ ထည့်သွင်းပြောကြားခဲ့ တာ ဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

"ကျနော်တို့ရဲ့ခေါင်းဆောင်က ထပ်ရှင်းပြတယ်၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ ထပ်တွေ့ဖို့ကို ဘယ်သူတွေ သဘောတူတယ်၊ ဘယ်သူတွေက သဘော မတူဘူး၊ ဘယ်သူတွေက လက်ခံတယ်၊ နောက်အချိန်ကိုပြန် ပြီးသတ်မှတ်တယ်၊ မေလ ၆ ရက်နေ့ကို ပြန်ပြီးသတ်မှတ်တာတို့၊ အဲ့လို မျိုးလေးတွေပေါ့၊ သူတောင်းဆိုခဲ့တဲ့ ဟာလေးတွေ၊ သူပြောဆိုခဲ့တဲ့ဟာလေးတွေပေါ့နော်"

ဒီနေ့ ရန်ကုန်မြို့ NLD ဌာနချုပ်မှာ ကျင်းပတဲ့ ဗဟို အလုပ်အမှုဆောင်အစည်းအဝေးမှာ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အောင်နိုင်ရေး လုပ်ငန်းစဉ်တွေနဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

လာမယ့် မေလအတွင်းမှာ ပြန်လည်ကျင်းပမယ့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ရွေးကောက်ပွဲဝင် မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်း သတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး ကော်မတီဝင်တွေက သဘော ထားတွေတင်ပြရမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို ပုံမှန် နှစ်ပတ်တစ်ကြိမ် ကျင်းပနေ တာ ဖြစ်ပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။