ရွေးကောက်ပွဲ တရားမျှတဖို့ ဖွဲ့စည်း ပုံပြင်ဆင်ဖို့ အရေးကြီးတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2014.06.21
dassk-yetarshae-305 ဇွန်လ ၂၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Myo Thant Khaing/RFA

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက်ဆိုရင်  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ တောင်ငူမြို့ အားကစားကွင်းမှာကျင်းပတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

"ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက် ပွဲကို ရှုံးမယ်ဆိုပြီးတော့ ခြောက်တိုင်းလည်း မကြောက်ပါဘူး၊ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ဆုံးရှုံးဖို့အတွက်တော့ ကျမတို့ မလိုလားဘူး၊ ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲများက ထွက်လာတဲ့အဖြေကို ကျမတို့လက်ခံမယ်၊ ပြည်သူလူထုကနေပြီးတော့ လိုလားရင် ကျမတို့နိုင်မယ်၊ မလိုလားရင် ကျမတို့ရှုံးမယ်၊ ၂ဝ၁၅ ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့ ပဲဖြစ်ပါတယ်"

ဒါ့အပြင် စစ်မှန်တဲ့ လူထုကိုယ်စားလှယ်ဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကတက်လာတဲ့ ကိုယ်စားလှယ်တွေသာ ဖြစ်သင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီနေ့ဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီးအတွင်းက ဖြူး၊ ကျောက်ကြီး၊ ထန်းတပင်၊ အုတ်တွင်းနဲ့ ရေတာရှည်မြို့တို့က ဒေသခံသောင်းဂဏန်းလောက်အထိ တက်ရောက်ခဲ့ကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မရတနာဦး တင်ပြထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။