တနင်္သာရီတိုင်း တိုးတက်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ကူညီမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တနသာၤရီတိုင်းဒေသကြီး အတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ လူမှုအကျိုးစီးပွားတွေကို သိသိသာသာ ပြောင်းလဲုနိုင်တဲ့ အပြောင်းအလဲ ဖြစ်အောင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ မြိတ်မြို့ ကန်ဖျားရပ် ကြံတောလမ်းမှာရှိတဲ့ ဦးစောဂျက်ခန်းမမှာ ဒေသခံတွေ နဲ့ တွေဆုံစဉ် အခုလို ပြောကြားခဲ့ပါတယ်။

“ ပြဿနာတွေအခက်အခဲတွေကို သိရုံနဲ့ ရပ်နေမှာမဟုတ်ပါဘူး၊ သိတာပေါ်မှာ အခြေခံပြီးတော့ တက်နိုင်သမျှလုပ်သွားပါမယ်၊ တိတိကျကျ ပြဿနာတွေဘယ်လိုရှိတယ်ဆိုတာသိရတော့ ကျွန်မတို့အတွက် အများကြီးပဲ တန်မှ အကျိုးရှိပါတယ်၊ ဒီမြိတ်မြို့သူ၊ မြို့သားတွေအတွက် သိသာတဲ့ ပြောင်းလဲမှုတွေရှိလာအောင် ကြိုးစားပါမယ်။”

အပြောင်းအလဲတွေရှိတယ်ဆိုတာ ပြည်သူတွေ ကိုယ်တိုင်ခံစားရမှာသာ အပြောင်းအလဲရှိတာလို့ ဆိုနိုင်ပြီး အခုပြည်သူတွေမှာ ဘာမှမခံစားရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်း လက်ရှိ အပြောင်းအလဲဖြစ်စဉ်မှာ ပြည်သူတွေ ကိုယ်တိုင်ပါဝင်ဖို့ လိုတယ်လို့လည်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၃ ရက်နေ့ ကျွန်းစုမြို့နယ်က ဒေသခံပြည်သူတွေကို ပြောတဲ့အထဲမှာတော့ ပြည်သူတွေ အကျိုးအတွက် တာဝန်ထမ်းဆောင်လိုတာကြောင့် မိမိအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် သမ္မတ ဖြစ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့သောင်းနဲ့ မြိတ်မြို့ ခရီးစဉ်ကို သုံးရက်ကြာသွားရောက်ခဲ့ပြီး ဒီကနေ့မှာ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်လည်ရောက်ရှိပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org