0:00 / 0:00
မွေးနေ့ပွဲ အကြိုအဖြစ် ဇွန်လ ၁၈ ရက်နေ့ ကတည်းက အမေရိကန်နိုင်ငံ အနောက်ဘက် ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပခဲ့သလို အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့အပြင် ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ဒိန်းမတ်နဲ့ ဗြိတိန်နိုင်ငံတွေမှာလည်း ကျင်းပခဲ့ပါတယ်။
ဇွန်လ ၁၈ ရက်နေ့က နိုင်ငံတကာမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲတွေ အကြောင်းကို ဒေါ်စန်းစန်းတင်နဲ့ RFA သတင်းထောက်တွေက သတင်းရယူပြီး စုစည်းတင်ပြထားပါတယ်။