ပဲခူးရွှေမော်ဓေါဘုရားကွင်း မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
2014.12.27

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်ဟာ လာမယ့် ဇန်နဝါရီလ ၃ ရက်နေ့ ပဲခူး မြို့ရွှေမော်ဓေါဘုရားကွင်းမှာကျင်းပမယ့် ဗိုလ်ချုပ် အောင် ဆန်း နှစ်တစ်ရာပြည့်မွေးနေ့အကြို အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြောမယ်လို့ ပါတီ ဗဟိုအလုပ် အမူဆောင်တစ်ဦးဖြစ်သူ ဦးစံဦးက ပြောပါတယ်။
"ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနား ရှိတယ်လေ၊ အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီးတော့ ချီးမြှင့်မယ်ပေါ့နော်၊ အစီအစဉ် ကတော့ ဖျော်ဖြေပွဲတွေပါမယ်၊ ကလေး လူငယ်တွေ ရဲ့ဖျော်ဖြေပွဲတွေပါမယ်ပေါ့နော်၊ ပြီးရင် ဒေါ်အောင် ဆန်းစုကြည် နှုတ်ခွန်းဆက် အမှာ စကားပြောကြား မယ်ပေါ့၊ ဆက်တိုက် ဆက်တိုက် ကတော့ဗျာ အားကစားလှုပ်ရှားမှုတို့၊ စာပေလှုပ်ရှားမှုတို့ ဒါတွေ ဟာ တဖြေးဖြေးလုပ်သွားမှာပါ "
အဲ့ဒီအခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းနှစ် တစ်ရာပြည့်မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲတွေပါ ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။
အဲ့ဒီပွဲကို ပဲခူးမြို့ရွှေမော်ဓေါဘုရားကွင်းမှာ ကျင်းပဖို့ ခွင့်ပြုမိန့်တောင်းခံထားဆဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှစ် တစ်ရာပြည့် မွေးနေ့ ဂုဏ်ပြုပွဲအခမ်းအနားတွေကို ၂၀၁၅ ခုနှစ်မှာ တစ်နှစ်ပတ်လုံး ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။