ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံကို သွားရောက်

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ အာဆီယံထိပ်သီး အစည်း အဝေးတွေ တက်ရောက်ဖို့ အတွက် ဖိလစ်ပိုင်သမ္မတနိုင်ငံကို ဒီကနေ့ မနက်ပိုင်းက ထွက်ခွာ သွားပြီး ဒေသစံတော်ချိန် ၂ နာရီ ၄၅ မိနစ်မှာ မနီလာမြို့က Nino Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိ သွားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြိမ်(၃ဝ) မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ဧပြီ ၂၈ ရက်နေ့က ရောက်ရှိလာစဉ် Photo: Myanmar State Counsellor Office

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ အတွက် ဖိလစ်ပိုင်သမ္မတနိုင်ငံကို ဒီကနေ့ မနက်ပိုင်းက ထွက်ခွာသွားပြီး ဒေသစံတော်ချိန် ၂ နာရီ ၄၅ မိနစ်မှာ မနီလာမြို့က Nino Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ၂၉ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမယ့် အကြိမ် (၃၀) မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေကို တက်ရောက် မှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၅)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနဲ့ လုံခြုံရေးအသိုက်အဝန်း ကောင်စီအစည်းအဝေး၊ (၁၉)ကြိမ်မြောက် အာဆီယံပူးပေါင်းညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွေကို ကျင်းပပြုလုပ်ခဲ့တယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်၊ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါသွားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org