ဒါးပိုင်ကျေးရွာမှာ သန်း ၄၀ ကျော်ဖိုး ဆေးခြောက်တွေ ဖမ်းဆီးရမိ


2017.03.01
yannainglatt-620.jpg စစ်တွေမြို့မ ရဲစခန်းမှူး ဒုရဲမှူးရန်နိုင်လတ်ကို မတ်လ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာမှာ ငွေကျပ် သန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ ဆေးခြောက်ကီလိုဂရမ် ၄၀ ကျော်နဲ့အတူ မွတ်ဆလင်တစ်ဦးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

အဲဒီဆေးခြောက်တွေရဲ့ အလေးချိန်ဟာ ၂၅ ပိဿာနီးပါးလောက်ရှိတယ်လို့ စစ်တွေမြို့မ ရဲစခန်းမှူး ဒုရဲမှူးရန်နိုင်လတ် က ပြောပါတယ်။

"ပီနံအိတ်တခုထဲမှာ ၆ဝ ကျပ်သားကျော်ခန့်ရှိတဲ့ ပါကင်ထုတ်ပြီးသား အိတ်ကြီး တအိတ်မှာ ၂၅ ထုပ် ပါတယ်၊ နောက်တအိတ်မှာ ၆ဝ ကျပ်သား ၂ ထုပ်နဲ့ ၁ ပိဿာနဲ့ ၂ဝ ၊ ၇ ထုပ်ပါတယ်"

မနေ့ကသိမ်းဆည်းရမိတဲ့ ဆေးခြောက်ပမာဏဟာ အရင်ကဖမ်းဆီးရမိတာတွေထဲမှာ ပမာဏ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဆေးခြောက်တွေကို သိမ်းဆည်းထားတဲ့ ဒါးပိုင်ရွာဟောင်းနေ အာမောက်ဟူဆောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသလို အဲဒီအမှုမှာ အဓိကပတ်သက်နေ သူတွေကို လိုက်လံရှာဖွေနေတယ်လို့ ဒုရဲမှူး ရန်နိုင်လတ် က ပြောပါတယ်။

အဲဒီ ဆေးခြောက်တွေကို တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ ရေလမ်းကြောင်းကနေတစ်ဆင့် ရခိုင်ပြည်နယ်ထဲကို သယ်ယူလာတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။