နိုင်ငံကျော်ဇာတ်မင်းသား ဖိုးချစ် အဖမ်းခံရ

"အစစ အရာရာ အဆင်ပြေပါစေ သူတော်ကောင်းနဲ့ တွေ့ပါစေ" လို့ ဖိုးချစ်အဖမ်းခံရတဲ့နေ့မှာ အစ်ကိုဖြစ်သူက အွန်လိုင်းမှာ ရေးထားတာတွေ့ရပါတယ်။

နိုင်ငံကျော်ဇာတ်မင်းသား ဖိုးချစ်။ Phoe Chit

နိုင်ငံကျော်ဇာတ်မင်းသား ဖိုးချစ်နဲ့ တေးရေး၊တေးဆို သျှန်ထွဏ်း(မြန်မာစာ)တို့ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဖိုးချစ်ကို နိုဝင်ဘာလ ၃ဝ ရက်နေ့က နေအိမ်မှာ လာဖမ်းသွားတာဖြစ်ပြီး၊ သျှန်ထွဏ်း(မြန်မာစာ) ကိုတော့ ပုဂံကို ဘုရားဖူးအသွား သုညမိုင်ဂိတ်မှာ ဖမ်းလိုက်တာလို့ အမည်မဖော်လိုသူတစ်ဦးက RFA ကိုပြောပါတယ်။

နိုင်ငံကျော်ဇာတ်မင်းသားဖိုးချစ်။ (Photo: Phoe Chit/FB)

ဇာတ်မင်းသားဖိုးချစ်ရဲ့ အစ်ကိုဖြစ်သူကို RFA က အွန်လိုင်းကတစ်ဆင့် ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

"အစစ အရာရာ အဆင်ပြေပါစေ သူတော်ကောင်းနဲ့ တွေ့ပါစေ" လို့ ဖိုးချစ်အဖမ်းခံရတဲ့နေ့မှာ အစ်ကိုဖြစ်သူက အွန်လိုင်းမှာ ရေးထားတာတွေ့ရပါတယ်။

တေးရေး၊ တေးဆို သျှန်ထွန်း (မြန်မာစာ)။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ ဖိုးချစ်နဲ့ သျှန်ထွဏ်း (မြန်မာစာ)တို့ဟာ စစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံနေတဲ့သူတွေကို ထောက်ပံ့လို့ အဖမ်းခံရတာလို့ ရေးသားနေကြပါတယ်။

ဘာကြောင့်အဖမ်းခံရတယ်ဆိုတာ အသေးစိတ်သိရဖို့ RFAက စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီပြောခွင့်ရဆီကို ဖုန်းဆက်သွယ်ပေမယ့် ဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တဲ့သူတွေ၊ သူနဲ့ သဘောထားမတိုက်ဆိုင်သူတွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နဲ့ တော်လှန်ရေးအဖွဲ့တွေကို ထောက်ခံသူတွေကို လိုက်လံဖမ်းဆီးနေသလို၊ အွန်လိုင်းစာမျက်နှာတွေမှာ ဝေဖန်ရေးသားချက်တွေကိုလည်း စောင့်ကြည့်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org