ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ဧပြီလ ၁ ရက်နေ့ ထွက်နိုင်မည်

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသက်တမ်း နှစ်နှစ်ပြည့်တဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး လွတ်လပ်တဲ့ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုတော့မှာဖြစ်တဲ့အတွက် နေ့စဉ်သတင်းစာ ထုတ်ဝေလိုသူတွေအနေနဲ့ ဖေဖော်ဝါရီလဆန်း ကစပြီး လျှောက်ထားနိုင်ပြီလို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို မြန်မာစစ်အစိုးရက ၂၀၀၈ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် မမျှော်လင့်ပဲ ကြေညာလိုက်သည့်သတင်းကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများပုံ
၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို မြန်မာစစ်အစိုးရက ၂၀၀၈ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် မမျှော်လင့်ပဲ ကြေညာလိုက်သည့်သတင်းကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများပုံ (Photo: AFP)

ဒီလို ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုတာဟာ ဒီမိုကရေစီစံနှုန်းတစ်ခုကို စတင်ခြေလှမ်းလိုက်တာ ဖြစ်တယ်လို့ နေ့စဉ်ထုတ်သတင်းစာထုတ်ဝေဖို့ ပြင်ဆင်ထားတဲ့ Eleven Media Group က အယ်ဒီတာချုပ် ဦးဝေဖြိုးက RFA ကို ပြောပါတယ်။

လတ်တလောအတွင်း စာနယ်ဇင်းကောင်စီက ရေးဆွဲနေတဲ့ စာနယ်ဇင်းဥပေဒလည်း အပြီးသတ်ထွက်ရှိလာခြင်း မရှိသေးတာတွေ့ရပါတယ်။ စာနယ်ဇင်းသမားတချို့ကတော့ စာနယ်ဇင်းဥပဒေမရှိဘဲ လွတ်လွတ်လပ်လပ် ထုတ်ဝေခဲ့တဲ့ ၁၉၆ဝ ပြည့်လွန်နှစ်တွေကို ထောက်ပြကြပါတယ်။

သတင်းစာထုတ်ဝေခွင့် လျှောက်ထားသူတွေဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို လိပ်မူပြီး လျှောက်ထားကြရမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ လွတ်လပ်တဲ့ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေကို တိုင်းရင်းသားဘာသာစကား တစ်မျိုးမျိုး၊ နိုင်ငံခြားဘာသာစကားတစ်မျိုးမျိုးနဲ့ ထုတ်ဝေခွင့်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ စပ်လျဉ်းပြီး ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်ကို RFA ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

0:00 / 0:00