ဒဂုံတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ တည်ထောင်ခြင်း ၃ နှစ်ပြည့် ကျင်းပ

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တကသ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အခမ်း အနားကို ဒီနေ့ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် မှာ ကျင်းပရာ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ ဆရာမ ၅ဝ လောက် တက်ရောက်ခဲ့ပါတယ်။

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တကသ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပစဉ် Photo: Aung Thain Kha/RFA

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တကသ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်မှာ ကျင်းပရာ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ ဆရာမ ၅ဝ လောက် တက်ရောက်ခဲ့ပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ် တကသ ဥက္ကဌ ကိုနန်းလင်း ပေးပို့တဲ့အမှာစာကို တကသ အဖွဲ့ဝင် ကိုဖိုးသားက အခမ်းအနားမှာ ဖတ်ပြခဲ့ပါတယ်။

"ကျနော်တို့ ကျောင်းသားသမဂ္ဂရဲဘော်များဟာ ကျောင်းတွင်းလှုပ်ရှားမှုတွေ၊ ပညာရေးဆိုင်ရာကိစ္စများကို အဓိကထားဆောင်ရွက်မှာဖြစ်သလို တိုင်းပြည်ရဲ့ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ ပြည်ထောင်စုရဲ့အရေး ကိစ္စများကိုလည်း မျက်ခြေမပျက် ဆောင်ရွက်နေပါတယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စမျိုးတွေ မကြာမီကာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲလို လွတ်လပ်ပြီးတရားမျှတဖို့အတွက် ကျနော်တို့ သမဂ္ဂအနေနဲ့ ပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်"

၂ဝဝ၈ ဖဲ့ွစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်ခဲ့တဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲ ကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဒဂုံတက္ကသိုလ် တကသ ဥက္ကဌ ကိုနန်းလင်းကို ပန်းပဲတန်းမြို့နယ် ရဲစခန်းက နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တကသ ဒုတိယ ဥက္ကဌ ကိုပိုင်ရဲသူဟာ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တို့နဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ တကသ ၃ နှစ်ပြည့် အခမ်းအနားမှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ ဇာတ်ကားတွေကို ပြသခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org