ကိုမူးဆာ ပြောဆိုချက် သြစတြေးလျ ကရင်အမျိုးသားအဖွဲ့ ငြင်းဆို

သြစတြေးလျ နိုင်ငံသား ကိုမူးဆာ (Moon Hsar) ဆိုသူ ကရင် ဒုက္ခသည်တဦးက တိုင်းရင်းသား ၅၀ လောက်ကို အမိန့်ပေး သတ်ဖြတ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုချက်နဲ့ ပတ်သက်လို့ သြစတြေးလျ ကရင်အမျိုးသားအဖွဲ့က မဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။

မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မလုပ်သော KNU ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

သြစတြေးလျ ကရင်အမျိုးသားအဖွဲ့ (Australia Karen Organization) ရဲ့ ဥက္ကဌ ဖဒိုစောလွင်ဦးက ကိုမူးဆာဟာ ကေအန်ယူမှာ တာဝန်ထမ်းဆောင်ခဲ့တာ မှန်ပေမယ့် မြန်မာ စစ်ထောက်လှမ်းရေးဟောင်း တဦးတော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

လောလောဆယ် အထိတော့ မြန်မာ စစ်ထောက်လှမ်းရေး အရာရှိဟောင်း အဖြစ် ၁၉၈၈ အရေးအခင်းကာလ အတွင်း လူ ၁၀၀ ခန့်ကို သတ်ဖြတ်ခဲ့တယ်လို့ မကြာခင်က ပြောဆိုခဲ့တဲ့ ကိုထူးထူးဟန် ကိုရော၊ ကိုမူးဆာကိုပါ သြစတြေးလျအာဏာပိုင်တွေက ဖမ်းဆီး အရေးယူမှု မရှိသလို သူတို့ရဲ့ ပြောဆိုချက်တွေကိုလည်း ထောက်ခံ အတည်ပြုသူ တဦးတယောက်မှ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ပြည်သူတွေ အမြောက်အများ သတ်ဖြတ်ခံရမှု၊ စစ်ရာဇဝတ်မှုတွေ အမှန်တကယ် ရှိနေပေမယ့် သူတို့နှစ်ဦးရဲ့ ထွက်ဆိုချက်တွေ မှန်ကန်မှု ရှိမရှိ အတည်မပြုနိုင်ဘူးလို့ ဆစ်ဒနီမြို့ အခြေစိုက် Burma Office မြန်မာ့ရေးရာရုံးရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ပြောပါတယ်။

ဒုတိယမြောက် ဝန်ခံပြောဆိုသူ ကိုမူးဆာက သူဟာ ထောက်လှမ်းရေးက ထွက်ပြီးနောက် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးမှာ နှစ်ပေါင်း အတန်ကြာ အမှုထမ်းခဲ့ကြောင်း၊ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတခု ကနေ ၁၉၉၇ ခုနှစ်လောက်မှာ သြစတြေးလျနိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org