တစ်ရက်တည်း ကိုဗစ်လူနာသစ် ၃ဝဝဝ ကျော် တွေ့ရှိ

2022.02.18
တစ်ရက်တည်း ကိုဗစ်လူနာသစ် ၃ဝဝဝ ကျော် တွေ့ရှိ လားရှိုးမြို့မှာ ၂၀၂၁ ဇူလိုင် ၂၁ ရက်က ကိုဗစ်ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်သူတွေကို နှာခေါင်းအာခေါင်တို့ပတ် ယူနေစဉ်
Photo - RFA

ဖေဖော်ဝါရီ ၁၈ ရက် ဒီနေ့ တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် လူနာသစ် ၃ဝ၅၈ ဦး ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူ နေ့စဉ် တိုးလာနေရာမှာ ဒီနေ့ တွေ့ရှိမှုဟာ အမြင့်ဆုံးဖြစ်ပါတယ်။

ကိုဗစ်ကြောင့် သေဆုံးသူ ဒီနေ့ တစ်နေ့တည်းမှာ သုံးဦးရှိပြီး ဒီနေ့အထိဆိုရင် သေဆုံးသူ ၁၉၃၂၂ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂ဝ၂ဝ ခုနှစ် မတ်လကစလို့ ဒီနေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူ ၅၅၉၃၁၄ ရှိပါတယ်။ 

အခုဆိုရင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးက ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံထားရလို့ ပြင်ပလူနာဌာန ၆ခု ကို ယာယီပိတ်ထားရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာတွေ တနေ့တခြား သိသိသာသာ တိုးလာနေတာကြောင့် ကိုဗစ်စတုတ္ထလှိုင်းစတင်နေပြီလို့ ကျန်းမာရေးဝန်ထမ်းတချို့က သုံးသပ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။