ဦးသောဘိတအမှု တရားလို တပ်မတော်ဘက်ကို စစ်ဆေး

မန္တလေးမြို့က ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တပ်မတော်က တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့စတင်စစ်ဆေးပါတယ်။

မန္တလေးမြို့၊ အမရပူရမြို့နယ်က ဆရာတော် ဦးသောဘိတ ကို တွေ့ရစဉ် Photo: Khaymani Win/RFA
မန္တလေးမြို့က ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တပ်မတော် က တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့စတင်စစ်ဆေးပါတယ်။

တရားလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း (စစ်ဦးစီးအရာရှိပထမတန်း) က လာရောက်စစ်ဆေးခံရာမှာ အထက်က ညွှန်ကြားတဲ့အတွက် တရားစွဲဆိုရတာဖြစ်ကြောင်း ထွက်ဆိုသွားတယ်လို့ အမှုကိုလိုက်ပါဆောင် ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က RFA ကို ပြောပါတယ်။

တဆက်တည်းမှာပဲ ဆရာတော်ဦးသောဘိတ ကို ရုံးချိန်းလာရောက်ခွင့် ကင်းလွတ်ခွင့်ပေးဖို့ လျှောက်ထားတာကို တရားရုံးက ဒီနေ့ခွင့်ပြုလိုက်တဲ့အတွက် ရုံးချိန်းတိုင်းလာစရာမလိုဘဲ အရေးကြီးပြီး လိုအပ်တဲ့အခါတွေမှသာ လာဖို့လိုကြောင်းလည်း ဦးအောင်သိန်း က ပြောပါတယ်။

ဒီအမှုကို လာမယ့် မတ်လ ၁၄ ရက်နေ့မှာ တရားရုံးက ထပ်မံ ချိန်းဆိုလိုက်ပါတယ်။

ဆရာတော် ဦးသောဘိတရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားချက်တွေဟာ တပ်မတော်နဲ့ တပ်မတော် သားတွေအပေါ် ဂုဏ်သိက္ခာကျဆင်းစေတယ်ဆိုပြီး ၂၀၁၈ စက်တင်ဘာလ ၁၇ ရက်နေ့က တပ်မတော်ဘက်က တရားစွဲခဲ့တာဖြစ်ပါတယ်။

အလားတူ အခုလို အမှုဖြစ်ပွားတာဟာ ကျောင်းတိုက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အပြုအမူဖြစ်တယ်ဆိုပြီး မဟာဂန္ဓာ ရုံကျောင်းတိုက်က နာယကဆရာတော်ကြီး လေးပါးက လတ်မှတ်ထိုးပြီး ဆရာတော် ဦးသောဘိတကို ၂၀၁၈ စက်တင်ဘာလအတွင်းမှာပဲ ကျောင်းတိုက်က ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org