စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် ပထမဆုံးအကြိမ် လမ်းပေါ်ထွက်ဆန္ဒပြ

2021.02.04

အာဏာသိမ်း စစ်အစိုးရကို အလိုမရှိကြောင်း ဒီနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်က မန္တလေးမြို့ လမ်း ၃၀ မှာရှိတဲ့ မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ လူငယ် ၂၀ ​ကျော် ဆန္ဒပြခဲ့ကြပါတယ်။

လူထုခေါင်းဆောင်အပါအဝင် နိုင်ငံခေါင်းဆောင်တွေကိုဖမ်းဆီးထားတာ လုံးဝမကျေနပ်တဲ့အကြောင်း၊ ဒီလိုလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်သွားမယ့်အကြောင်းနဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ကြဖို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ NLD အစိုးရခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီး၊ အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်းမှာ ဒါဟာ မြန်မာနိုင်ငံတွင်းမှာ ပထမဆုံး လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ပွဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေထဲမှာ ဆရာဝန်တစ်ချို့နဲ့ ဗကသ ကျောင်းသားဟောင်းတွေ ပါဝင်ပြီး ၁၅ မိနစ်နီးပါး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက် ဆန္ဒပြသူတွေ လူစုခွဲပြီး ထွက်ခွာသွားချိန်မှာ အရပ်ဝတ် ဝတ်ထားသူတစ်ချို့က လိုက်လံဖမ်းဆီးခဲ့ပါတယ်။

လတ်တလောမှာ ဆန္ဒပြသူတွေထဲက ကိုဥက္ကာမင်း(နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မန္တလေး)၊ ကိုမင်းညီညီကွန်း (ရတနာပုံတက္ကသိုလ်) ကိုရဲဝင်းထွန်းနဲ့ ကိုပြည့်စုံအောင် စတဲ့ တက္ကသိုလ်ကျောင်းသားလေးဦး ဖမ်းဆီးခံလိုက် ရတယ်လို့ Tayzar San ဆိုတဲ့ လူမှုဆက်သွယ်ရေး စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကျန်တဲ့ဆန္ဒပြသူတွေ ကို နေအိမ်တွေမှာ လိုက်လံဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Aye
2021-02-04 01:45

ရင်ထဲတွင်တရားရှိမှမတရားမှု့တရားမှု
အမှားအမှန်ကိုခွဲခြားသိမြင်နိုင်မှာပါ
ဒါကြောင့်လူတိုင်းလူတိုင်းရင်ထဲမှာတရားရှိဘို့လိုပါတယ်အချိန်ကဓမ္မနဲ့အဓမ္မကိုသိစေပါတယ်

အောင်ထွန်းဝင်း
2021-02-04 02:07

အာဏာရှင်စနစ် ချုပ်ငြိမ်းပါစေ

Anonymous
2021-02-04 03:21

စစ်အာဏာရှင်စနစ်ကျရှုံးပါေစ

Anonymous
2021-02-04 04:14

မြန်မာပြည်က မတရားအာဏာသိမ်း အစိုးရကို ဆန့်ကျင်တယ်