ရှမ်းနဲ့ ကချင်ဒေသအချို့မှာ ကိုဗစ်ကူးစက်မှု ပိုများလာ

စစ်ကောင်စီ ကျန်းမာရေးဌာနက နိုဝင်ဘာလ ၁ ရက် မနေ့က ထုတ်ပြန်ချက်အရ မြို့နယ်ပေါင်း ၁၂၃ မြို့နယ် မှာ ကိုဗစ်အတည်ပြုလူနာ ၇၅၂ ဦး တွေ့ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ရှမ်းပြည်နယ်က ၄၁၃ ဦးနဲ့ အများဆုံးရှိနေပါတယ်။ ကယားပြည်နယ်က ၆၉ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ကချင်ပြည်နယ်ကတော့ ၆၄ ဦးနဲ့ တတိယအများဆုံးပါ။
အောက်တိုဘာလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ အချိန်တစ်ပတ်အတွင်း လူဦးရေ တစ်သိန်းနှစ်သောင်း ကျော်ကို စစ်ဆေးခဲ့တဲ့အခါ ငါးထောင်ခုနှစ်ရာကျော်မှာ ပိုးတွေ့ခဲ့တာကြောင့် ပိုးတွေ့သူဟာ ၄.၄၅ % ရှိခဲ့ တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်အတွင်း ရှမ်းပြည်တောင်ပိုင်း နမ့်စန်၊ ကျိုင်းတုံ၊ မိုင်းကိုင်မြို့နယ်တွေမှာ အများဆုံးဖြစ်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်းမှာတော့ လားရှိုးမြို့က ပိုးတွေ့လူနာ အများဆုံးဖြစ်နေပါတယ်။ ပိုးတွေ့လူနာများတဲ့ လားရှိုးမြို့မှာ နိုင်ဝင်ဘာလ ၂ ရက်နေ့ ဒီကနေ့ကစပြီး ရပ်ကွက်ကျော်လွန်သွားလာမှုတွေကို ပြန်ကန့်သတ် မယ်လို့ မြို့နယ်အဆင့် ကိုဗစ်ကော်မတီက နိုဝင်ဘာလ ၁ ရက် မနေ့ညနေပိုင်းမှာ လော်စပီကာနဲ့ မြို့တွင်း လှည့်ပြီး ကြေညာခဲ့ပါတယ်။
ပေးသောလက် ပရဟိတအသင်းက ဥက္ကဋ္ဌ ကိုမြင့်မော်ကတော့ ကပ်ရောဂါကြောင့် လားရှိုးမှာ နေ့စဉ်သေဆုံး မှုတွေ ရှိနေဆဲဖြစ်သလို ရောဂါကူးစက်မှုတွေလည်း ပိုတိုးလာတာကြောင့် အာဏာပိုင်တွေအနေနဲ့ ဒီထက်ပိုတဲ့ ထိန်းချုပ်မှုတွေကို လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
"အရင်တုန်းကတိုင် ကြပ်မတ်ရမှာကို အခုမှ ပြန်ပြီးကြပ်မတ်နေတာပေါ"
လားရှိုးမြိုမှာ ကိုဗစ်တတိယလှိုင်းစတင်တဲ့ ဇွန်လကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ပိုးတွေ့လူနာ သုံးထောင်ရှစ်ရာကျော်ရှိခဲ့ပြီး ဆေးရုံဆင်းတဲ့သူက သုံးထောင်လေးရာကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူကကတော့ ဆေးရုံစာရင်းအရ နှစ်ရာဝန်ကျင်ရှိပေမယ့် ပြင်ပမှာ သေဆုံးသူစာရင်းနဲ့ဆိုရင် ဒီထက်ပိုနိုင်တယ်လို့ ကပ်ရောဂါနဲ့ပတ်သက်ပြီး ကူညီပေးနေသူတွေက ပြောပါတယ်။
“ပိုးတွေ့တဲ့သူ စွပ်ထုတ်မယ့်သူ (နှာခေါင်း၊ အာခေါင် တို့ပတ်ယူမယ့်သူ) ကို သယ်ပို့နေတဲ့ဟာ ပိုတွေ့သေ ဆုံး လူနာတွေကို ပို့နေတာဆိုတော့ လားရှိုးမြို့မှာ ပွင့်ပွင့်လင်းလင်းပြောရရင် ထိန်းချုပ်မှု အားနည်းတဲ့ အတွက် ပိုးတွေ့မှုကများတယ်။ ပြောရလို့ရင် စင်တာတွေ ပြန်ဖွင့်သင့်တယ် ကိုဗစ်စင်တာတွေ ပြန်ဖွင့်သင့် တယ်။ ခရီးက ပြန်လာတဲ့သူတွေကို ထည့်သင့်တယ်။ အခုတော့ လမ်းမှာတော့ ကြပ်မတ်နေတယ်ပေါ့။ အရင်တုန်းကတိုင် ကြပ်မတ်ရမှာကို အခုမှ ပြန်ပြီးကြပ်မတ်နေတာပေါ့ အဲလိုမျိုးကြတော့ ဖြစ်ပွားမှုနှုန်း ထားက နည်းတော့တာမှ မဟုတ်တာ။ သက်သေခံကတ်ပြားလေးတွေပေါ့ သက်သေခံ အထောက်အထား လေးတွေပါရင် ခွင့်ပြုပါမယ်တဲ့ နောက်ရက်တွေကစပြီး ရပ်ကွပ်ကျော်ပိုင်ခွင့် မရှိတော့ပါဘူးတဲ့”
လားရှိုးမြိုမှာ ကိုဗစ်တတိယလှိုင်းစတင်တဲ့ ဇွန်လကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ပိုးတွေ့လူနာ သုံးထောင်ရှစ်ရာကျော်ရှိခဲ့ပြီး ဆေးရုံဆင်းတဲ့သူက သုံးထောင်လေးရာကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူကကတော့ ဆေးရုံစာရင်းအရ နှစ်ရာဝန်ကျင်ရှိပေမယ့် ပြင်ပမှာ သေဆုံးသူစာရင်းနဲ့ဆိုရင် ဒီထက် ပိုနိုင်တယ်လို့ ကပ်ရောဂါနဲ့ပတ်သက်ပြီး ကူညီပေးနေသူတွေက ပြောပါတယ်။
ပိုးတွေ့လူနာများတဲ့ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့မှာတော့ မြို့ပေါ်ထက် ကျေးလက်တောရွာတွေမှာ ပိုးတွေ့ လူနာများလာနေတာလို့ အကူအညီပေးနေတဲ့ နမ့်စန်မြို့ ကြက်ခြေနီအသင်း ဒုတပ်ခွဲမှူး သောမတ်စ်က ပြောပါတယ်။
“အဓိက ကတော့ မြို့မှာရှိတဲ့ ရွာတွေကို စစ်တာမှာ တွေ့တာပေါ့နော်။ မြို့ပေါ်မှာကျတော့ ကျွန်တော်တို့က ရပ်ကွက်တွေမှာ ကွင်းဆင်းပြီးသွားပြီပေါ့။ ကွင်းဆင်းပြီးတော့ မြို့ပေါ်မှာက လျော့နည်းသွားတယ်။ ရွာ တွေမှာ ကျွန်တော်တို့က ကွင်းဆင်းတာ မရှိဘူးလေ၊ အခုမှ ရွာတွေမှာ ကွင်းဆင်းပြီး ဆောင်ရွက်တဲ့အခါမှာ ပိုပြီးတော့ များလာတာပေါ့။ နမ့်စန်မြို့မှာတော့ အသွားအလာကတော့ ကန့်သတ်ထားတာရှိပါတယ်။ ကျန်းမာရေးဌာနကလည်း မဖြေလျော့သေးတဲ့ အတွက်ကြောင့်မို့ပေါ့။ ဒီမှာကတော့ အတတ်နိုင်ဆုံး အားလုံးပူးပေါင်းပြီး ဆောင်ရွက်နေတာမို့လို အမြန်ဆုံးလျော့ချနိုင်ဖို့ ရှောင်တခင်စစ်တာတွေရှိမယ်၊ ပိုးစစ်တာတွေရှိမယ် ကာကွယ်ဆေးထိုးတဲ့ အရာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်”
နမ့်စန်မြို့မှာ အခုနှစ် မေလကစလို့ ပိုးတွေ့လူနာတွေ ပိုများလာခဲ့ပြီး ကိုဗစ်ရောဂါနဲ့ ဆေးရုံမှာ ကုသနေရသူ လောလောဆယ် ၁၂၅ ဦး ရှိနေတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် အတွင်းမှာတော့ မြို့နယ် ရှစ်ခုမှာ ရောဂါပိုးတွေ့လူနာ ၆၄ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာ ရေး ဝန်ကြီးဌာနရဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီမြို့နယ် ရှစ်ခုမှာ မိုးညှင်း နဲ့ မိုကောင်းမြို့နယ်တွေက ပိုးတွေ့လူနာ အများဆုံးဖြစ်နေပါတယ်။
မြစ်ကြီးနာမြို့ပေါ်မှာဆိုရင်လည်း ကိုရိုနာရောဂါ ပိုးတွေ့လူနာ အရင်ထက်များလာနေပြီး မြို့ပေါ်စစ်ဘေး ဒုက္ခသည် စခန်းတွေမှာ ရောဂါကူးစက်မှုတွေရှိနေတုန်းပဲလို့ မြစ်ကြီးနား ၁၀ မိုင်ကျေးရွာက ဂျော်မဆပ် စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဆရာဇော်ရတ်က ဆိုပါတယ်။
အဲဒီဒုက္ခသည်စခန်မှာ နေထိုင်သူတွေဟာ ကိုဗစ်ကာကွယ်ဆေး ထိုးထားတာမရှိသေးသလို မြို့ပေါ်မှာ ကိုဗစ်ပိုးတွေ့သူတွေ ပြန်လာများလာလို့ ရောဂါထပ်မံကူးစက်မှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ ကချင်လက်နက်ကိုင်အဖွဲ့ KIA ထိန်းချုပ်နယ်မြေမှာလည်း ကိုဗစ်ရောဂါ ပိုးတွေ့လူနာတွေက ပိုများ လာနေပါတယ်။
ရောဂါကူးစက်မှု မြင့်မားလာတဲ့ KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့မှာ နိုဝင်ဘာ ၂ ရက် ဒီကနေ့က စတင်ပြီး အသွားအလား ကန့်သတ်ထားလိုက်ပြီလို့ KIO ကိုဗစ်- ၁၉ ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောပါတယ်။
“လိုင်ဇာမှာတော့ မနေ့ကစစ်တာ အတိအကျ မသိရသေးဘူး။ လိုင်ဇာ မုန်လိုင် positive လူနာဆောင်မှာ တစ်ရာကျော်ရှိတယ်။ မနေ့ကလည်း ၂၇ ယောက်တိုးတယ်။ ဒီမြို့ကကို ပြန်ပြီး confirm လုပ်ရင်တော့ တစ်ရာနီးပါးတော့ ပြန်ပြီးတိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်”
ပိုးတွေ့လူနာ ပိုများလာတဲ့အတွက် လိုင်ဇာတစ်မြို့လုံးမှာရှိတဲ့ လူဦးရေ တစ်သောင်း နီးပါးလောက်ကို ကိုဗစ်ပိုး ရှိ၊ မရှိ နိဝင်ဘာ ၁ ရက်နေ့ကစပြီး ပြန်လည်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
KIA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ အင်ဂျန်ယန်မြို့နယ်ဘက်မှာတော့ အရင်က ရောဂါပိုးတွေ့သူ လေးရာကျော် ရှိခဲ့ပြီးလက်ရှိမှာတော့ နှစ်ရာကျော်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ မိုင်ဂျာယန်မှာတော့ လက်ရှိအချိန်ထိ ပိုးတွေ့လူနာ ခြောက်ရာကျော်ရှိသေးတယ်လို့ ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောပါတယ်။
ရောဂါဖြစ်သူတွေကို တရုတ်ထုတ် ဆေးတွေနဲ့ ဒေသထွက်ဆေးတွေ အဟာရရှိစေစေမယ့် အစားအစာ တွေကိုလည်း မျှဝေပေးနေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ လိုင်ဇာမြို့မှာ လူဦးရေ တစ်သောင်း လေးထောင်လောက်နဲ့ မိုင်ဂျာယာန်ဘက်မှာ တစ်သောင်းနှစ်ထောင်လောက် ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံထားပြီလို့ ဆိုပါတယ်။

KIA ထိန်းချုပ်နယ်မြေ မြောက်ပိုင်းတိုင်းအတွင်းမှာတော့ ကိုဗစ်ရောဂါကူးစက်ခံရသူ ၈၀၀ ကျော် ရှိနေပြီး မိုင်ဂျာယာန်မြို့မှာ နှစ်ရာကျော်နဲ့ လိုင်ဇာမြို့မှာတစ်ရာ ကျော်ရှိနေပါတယ်။
ပိုးတွေ့လူနာများလာတာကြောင့် KIA ထိန်းချုပ်နယ်မြေကို ဝင်လာတဲ့သူတွေကို အဝင်အထွက်ဂိတ်မှာရှိတဲ့ ကျန်းမာရေးစင်တာတွေမှာ (၂၁ ) ရက် သီးသန့်ထားရှိပြီး ပိုးမတွေ့သူများကိုပဲ ဝင်ခွင့်ပြုပါတယ်။
စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ကယားပြည်နယ်အတွင်းမှာ ကိုဗစ်ရောဂါပိုးတွေ့သူ ဒုတိယအများဆုံးဖြစ်နေပါတယ်။ ကယားပြည်နယ် ဘောလခဲ၊ ဖားဆောင်းမယ်စဲ့၊ ဖားဆောင်း စတဲ့မြို့နယ် လေးခုထဲမှာ ဘောလခဲကမြို့နယ်က ပိုးတွေ့လူနာ ၂၆ ဦးရှိပြီး ပိုးတွေ့လူနာ အများဆုံးဖြစ်နေတာပါ။
မြန်မာနိုင်ငံမှာ ကိုရိုနာ ကပ်ရောဂါ တတိယလှိုင်းစတင်တဲ့ အခုနှစ် မေလကုန်ကနေ သြဂုတ်လအတွင်း ကပ်ရောဂါပြင်းထန်တဲ့ မြို့နယ်ပေါင် ၁၁၄ မြို့နယ်ကို နေအိမ်မှာနေထိုင်ရေး stay at home အဖြစ်သတ် မှတ်ခဲ့ရပြီး အဲဒီထဲက မြို့နယ်ပေါင်း ၅၀ ကို အခုရက်ပိုင်းမှာပဲ သတ်မှတ်ချက်တွေ ဖြေလျော့ပေးခဲ့တာပါ။
ကျန်တဲ့ မြို့နယ် ၆၉ မြို့နယ်ကတော့ ရောဂါဖြစ်ပွားမှု မလျော့ကျသေးသလို တချို့မြို့နယ်တွေမှာဆိုရင် ရောဂါဖြစ်ပွားမှုနှုန်ူးတွေ တိုးလာနေလို့ မူလဖြေလျှော့ထားတဲ့ ကန့်သတ်ချက်တွေကိုပါ ပြန်လည်တင်းကျပ် လာနေတာဖြစ်ပါတယ်။