အခြေခံဥပဒေ ပြင်ရေးသာ အရေးကြီးကြောင်း လူထုဆွေးနွေးပွဲမှာ ထောက်ပြ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေး ဆွဲရင် တိုင်းပြည်နောက်ကြောင်း ပြန်နိုင် တဲ့အတွက် ပြင်ဆင်ဖို့သာ အရေးကြီးကြောင်း စာရေး ဆရာ ကျော်ဝင်းက ဒီနေ့ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အသောကဗိမ္မာန် သမိုင်းမြို့မကျောင်းတိုက်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ကကျင်းပတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက် လူထုဆွေးနွေးပွဲကို တွေ့ရစဉ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲရင် တိုင်းပြည်နောက်ကြောင်း ပြန်နိုင်တဲ့အတွက် ပြင်ဆင် ဖို့သာ အရေးကြီးကြောင်း စာရေးဆရာ ကျော်ဝင်းက ဒီနေ့ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အသောကဗိမ္မာန် သမိုင်းမြို့မကျောင်းတိုက် မှာကျင်းပတဲ့ ဖွဲ့စည်းပ ုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ရက် လူထုဆွေးနွေးပွဲမှာ RFA ရဲ့မေးခွန်းကို စာရေးဆရာ ကျော်ဝင်းက ဖြေဆို လိုက်တာ ဖြစ်ပါတယ်။

“အသစ်ရေးရေးကတော့ လက်ရှိသွားနေတဲ့ အပြောင်းအလဲ နောက်ကြောင်းပြန်တဲ့ အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်မှာဆိုတော့ ကျနော်တော့ သဘောမတွေ့ဘူး၊ ပြင်ရေး ကတော့ လုပ်ကိုလုပ်ရမယ်၊ အထူးသဖြင့် အခုသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ တက်နိုင်ရေးအတွက်ဆိုရင် လူမျိုးစုအခွင့် အရေးတွေနဲ့ ပတ်သက်တဲ့ အချက်တွေ ကတော့ ပြန်ကိုပြန်ပေးမှရလိမ့်မယ်၊ ဒုတိယကိစ္စကတော့ ၅၉(စ) ပေါ့၊ ပြင်နိုင်ရင် ပိုကောင်းမှာ၊ ဒါလွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်မှာ၊ ဗမာပြည် အပြောင်းအလဲမှာ အရေးအကြီးဆုံးနဲ့ sensitive အဖြစ်ဆုံး issue”

ဒီနေ့ဆွေးနွေးပွဲကို မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်နေကြသူတွေဖြစ်ကြတဲ့ စာရေးဆရာဖေမြင့်၊ စာရေးဆရာကျော်ဝင်း၊ နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာမင်းဇော်ဦး၊ ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမား ဦးစိုင်းညွန့်လွင်၊ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးဌေးဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ လူထုသဘောထားဆန္ဒတွေကို နိုင်ငံရေး ပါတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မြန်မာတစ်ပြည်လုံးအနှံ့ လိုက်လံကောက်ခံခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။

အများစုဟာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲရေးထက် ပြင်ဆင်ဖို့ကိုသာ ဆန္ဒရှိကြတယ်လို့လည်း သိရပါတယ်။

ဒီနေ့ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org