ညောင်လေးပင်နဲ့ မိုးကောင်းတို့မှာ ဖွဲ့စည်းပုံံဥပဒေ ပြင်ပေးဖို့ ဆန္ဒပြ


2014.04.28
constitution-kachin-305 ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဧပြီလ ၂ဂ ရက်နေ့က ဖွဲ့စည်းပုံပြင်ဆင်ပေးရေး ဒေသခံတွေ ဆန္ဒထုတ်ဖော်နေ ကြစဉ်
photo: Kyaw Kyaw Oo (Myitkyina-NLD)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့ မှာ ဒေသခံတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး နဲ့ မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းပေးရေးအတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မြို့နယ်တိုင်းမှာ ဆန္ဒဖော်ထုတ်တာများလာရင် တပ်မတော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ ပါဝင်လာမယ်လို့ ယုံကြည်ပြီး တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြရာမှာ ပါဝင်တဲ့ မိုးကောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုဝင်းအောင်က ပြောပါတယ်။

"ပုဒ်မ ၄၃၆ ဖျက်သိမ်းရေးရယ်၊ ပုဒ်မ ၅၉(စ)ရယ်၊ ပုဒ်မ ၅၉(ဃ) ပြင်ဆင်ရေးရယ် ဒါအဓိကပါ၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့၊ အပစ်အခတ်ရပ်စဲရေးတို့ ပါပါတယ်ခင်ဗျ၊ မြို့နယ်တိုင်းမှာ ဆန္ဒထုတ်ဖော်ပေးမှ သာ လွှတ်တော်ထဲမှာလည်း ဆွေးနွေးပြီးတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မယ်လို့ ကျနော်တို့က ယုံကြည်တယ်လေ၊ ဒီလိုထုတ်ဖော်တာများမှသာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တပ်မတော်ကလည်း ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးကို တတပ်တအား ပါဝင်လာမယ်လို့ ယုံကြည်တယ်"

အဲဒီဆန္ဒပြပွဲကို မိုးကောင်း၊ မြစ်ကြီးနားနဲ့ ဖားကန့်မြို့က အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၅၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ)၊ (ဃ) နဲ့ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ပေးဖို့ အတွက် ဒေသခံ နှစ်ရာနီးပါး ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။