ကြံခင်း-ပခုက္ကူရထားလမ်းသိမ်းမြေ အတွက် လျော်ကြေး သိန်း ၄ ထောင်ပေးအပ်
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ကြံခင်း- ပခုက္ကူ ရထားလမ်းဖောက်လုပ်မှုစီမံကိန်းအတွက် အစိုးရက သိမ်းဆည်းခဲ့တဲ့ မင်းဘူးမြို့နယ်က လယ် ယာမြေတွေ အတွက်က လျော်ကြေးငွေ ကျပ် သိန်းလေးထောင်ကျော်ကို မင်းဘူးမြို့နယ်အုပ်ချုပ်ရေးရုံး မှာ ပေးအပ်ခဲ့ပါတယ်။
-
2015-02-20 -
-
-
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ကြံခင်း- ပခုက္ကူရထားလမ်းဖောက်လုပ်မှုစီမံကိန်းအတွက် အစိုးရက သိမ်းဆည်းခဲ့တဲ့ မင်းဘူး မြို့နယ်က လယ်ယာမြေတွေ အတွက် က လျော်ကြေးငွေ ကျပ်သိန်းလေးထောင်ကျော်ကို မင်းဘူးမြို့နယ်အုပ်ချုပ်ရေးရုံး မှာ ပေးအပ်ခဲ့ပါတယ်။
မင်းဘူးမြို့နယ် ရပ်ကွက်ကြီး ၄ ကို ဖြတ်သွားတဲ့ မီးရထားလမ်းစီမံကိန်းက တောင်သူ ၂ဝ ရဲ့ လယ်ဧက ၉ဝ ကျော် အတွက် လျော်ကြေးပေးတာဖြစ်ပါတယ်။
လယ်ယာမြေဥပဒေအတိုင်း ပြန်လည်လျော်ကြေးပေးဖို့ တောင်သူတွေက လျောက်ထားခဲ့တဲ့အတွက် အခု မှ လျော်ကြေးငွေပေးတာ ဖြစ်တယ်လို့ ကျပ်သိန်းတစ်ရာကျော် လျော်ကြေးငွေရရှိခဲ့တဲ့ ဦးသောင်းဝင်းက ပြောပါတယ်။
"ငြိမ်ဝပ်ပိပြားမှုအခြေခံတုန်းကတော့ သူတို့စီမံကိန်းဖွံ့ဖြိုးရေးအတွက်လုပ်တယ်ဆိုတော့ ဒီလိုပဲကျနော်တို့နေ ခဲ့ကြတာပေါ့၊ နောက်ပိုင်း ၂၀၁၂ လယ်ယာမြေ ဥပဒေထွက်လာတဲ့ အခါမှာ ကျနော်တို့ကတော့ ရပိုင်ခွင့်တွေ ကို တင်တောင်းတာပဲ၊ ၁ ဧကကို ၁၅ သိန်းနှုန်း နဲ့ပေးချေပါတယ်၊ နှမ်းကို ၁၂. ၁၀ ထွက်နှုန်းနဲ့ ၃ နှစ်စာ ကျနော်တို့သီးနှံကိုလျော်ပါတယ် "
မီးရထားလမ်းဟာ ကြံခင်းကနေ ပခုက္ကူကို ဆက်သွယ်ထားတဲ့ မီးရထားလမ်းဖြစ်ပြီး ၂ဝဝ၈ ခုနှစ်က သိမ်းဆည်းခံထားရ တဲ့ လယ်ယာမြေတွေအတွက် တစ်ဧက ကို ကျပ် ၁၅ သိန်းနှုန်းနဲ့ အစိုးရက လျော်ကြေးပေးတာဖြစ်ပါတယ်။
မီးရထားလမ်းဖြတ်သွားတဲ့ မြို့နယ် ၁၁ မြို့နယ်က ၅ မြို့နယ်ကိုသာ ပေးလျော်နိုင်တာ ဖြစ်ပြီး ကျန်မြို့နယ် က တောင်သူတွေကို ပေးလျော်ဖို့အတွက် စာရင်းကောက်ယူနေတယ်လို့သိရပါတယ်။