လွှတ်တော်ကို ဝေဖန်သူ ဒေါက်တာဆိတ်ဖွား ဖော်ထုတ် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီ

အင်တာနက် စာမျက်နှာကနေ လွှတ်တော်ကို ဝေဖန်ရေးသားထား တဲ့ ဆောင်းပါးရှင် ဒေါက်တာ ဆိတ်ဖွားဆိုသူကို ဖော်ထုတ်အရေးယူဖို့ စုံစမ်းရေး ကော်မရှင်တစ်ရပ်ကို ဒီကနေ့ကျင်းပ တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းလိုက်ပါတယ်။

2013.02.08
parliment-assembly305 ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။
Photo:RFA

ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် က ဒေါက်တာဆိတ်ဖွား ဖော်ထုတ်ဖို့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အသိပေးကြေညာသွားပါတယ်။

အဲဒီစုံစမ်းရေးကော်မရှင်မှာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးမြငြိမ်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့ ပါဝင်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးနဲ့ မနေ့က ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ကော်မတီသက်တမ်းအတွက် ပြည်ထောင်စုလွှတ်တော်ကို  အစီရင်ခံစာတင်ပြပြီး လွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပြီးတဲ့အထိ တာဝန်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်တာနက်ပေါ်ကနေ (Above The Law) ဆိုတဲ့ ခေါင်းစဉ်နဲ့ လွှတ်တော်ကို ဝေဖန်ရေးသားတဲ့ ဒေါက်တာဆိတ်ဖွား ဆိုသူကို အရေးယူပေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကမာရွတ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင် က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာပါ။

အင်တာနက် ဆောင်းပါးရှင် ဒေါက်တာဆိတ်ဖွား ဆိုသူကို ဖော်ထုတ်နိုင်ဖို့အတွက် စုံစမ်းရေးကော်မရှင်ကို  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းခဲ့တာနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဇင်မာဝင်း က စုစည်းတင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။