သမဝါယမအသင်း လုပ်ငန်းဆောင်ရွက်ချက် တိုင်းလွှတ်တော်မှာ ဝေဖန်

အစိုးရလက်အောက်ခံ သမဝါယမအသင်းဟာ နှစ်စဉ် အစိုးရထံက ရန်ပုံငွေတွေ တောင်းခံနေပေ မယ့် သမဝါယမလုပ်ငန်း လုပ်ငန်းလုပ်ကိုင်တာ မတွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ဒီနေ့ တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် အထူးအစည်းအဝေး ၂၀၁၈ နိုဝင်ဘာလ ၂၉ ရက်နေ့ကကျင်းပစဉ် Photo: Thant Zin Oo/RFA

အစိုးရလက်အောက်ခံ သမဝါယမအသင်းဟာ နှစ်စဉ် အစိုးရထံက ရန်ပုံငွေတွေ တောင်းခံနေပေမယ့် သမဝါယမ လုပ်ငန်း လုပ်ငန်းလုပ်ကိုင်တာ မတွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ဒီနေ့ တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

သမဝါယမလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ လှိုင်မြို့နယ်က ဦးကျော်ကျော်ထွန်း၊ တိုက်ကြီးမြို့နယ်က ဦးတင်ရှိန်နဲ့ ဒေါ်သက်ထားနွယ်ဝင်း တို့က လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

သမဝါယမအသင်းပိုင်နေရာတွေဟာ အသင်းရဲ့ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေကို မလုပ်ကြတော့ပဲ စားသောက် ဆိုင်တွေ အရက်ဆိုင်တွေနဲ့ လုပ်ငန်းအစုံဆိုင်တွေကို အငှားချထားတယ်လို့ လှိုင်မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း တင်ပြခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးဟန်ထွန်း ကတော့ လိုငွေပြပြီး ဘတ်ဂျက်တောင်းတာမရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပြီး အသင်းတွေရဲ့ မြို့နယ်အလိုက် လစဉ်နဲ့ နှစ်စဉ်ဝင်ငွေတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org