မြန်မာနိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် က ညတိုက်ပွဲသဏ္ဍာန် စစ်ရေးလေ့ကျင့်မှုတစ်ခုကို အင်္ဂါနေ့ညက ပြုလုပ်ခဲ့တယ်လို့ South China Morning Post သတင်းစာကဖော်ပြလိုက်ပါတယ်။
ကိုးကန့်နဲ့ မြန်မာစစ်တပ်တွေ တိုက်ပွဲဖြစ်နေစဉ်အတွင်း မကြာခင်ရက်ပိုင်းက မြန်မာတိုက်လေယဉ်ပျံတစ်စင်းက ကြဲချလိုက်တဲ့ ဗုံးကျည်တစ်လုံးကြောင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ပြီးနောက် တရုတ်နိုင်ငံက အခုစစ်ရေးလေ့ ကျင့်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီဆောင်ရွက်ချက်ဟာ မြန်မာအစိုးရကိုရော၊ တရုတ်အစိုးရကို တာဝန်မဲ့တယ်လို့ ဝေဖန်နေတဲ့ ယူနန်ပြည်နယ်ဒေ သခံတွေကိုပါ လက်တွေ့ပြလိုက်တဲ့ လုပ်ရပ်တစ်ခုလို့ တရုတ်နိုင်ငံတကာ လေ့လာရေးတက္ကသိုလ်ရဲ့ အာရှ-ပစိဖိတ် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဌါန ညွှန်ကြားရေးမှူးက သုံးသပ်ပါတယ်။
ဒါ့အပြင် တရုတ်နယ်စပ်ကို ကပ်ပြီးပျံလာတဲ့ မြန်မာတိုက်လေယဉ်တွေကို တရုတ်တိုက် လေယာဉ်တွေက နောက် ကနေလိုက်လံ စောင့်ကြည့်ပြီး မောင်းနှင်ထုတ်တာတွေ ရှိခဲ့တယ်လို့လည်း တရုတ်သတင်းစာမှာ ဖော်ပြထား ပါတယ်။