ကျန်းမာရေးကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး အာဆီယံ အစည်းအဝေး မတက်နိုင်

RFA Burmese
2023.07.11
ကျန်းမာရေးကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး အာဆီယံ အစည်းအဝေး မတက်နိုင် ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလက အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း။
AFP

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ နှစ်ရက်ကြာကျင်းပမဲ့ အာဆီယံအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း မတက်ရောက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

နိုင်ငံတော်အကြံပေးနဲ့ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းဟာ ကျန်းမာရေးအရ အာဆီယံအစည်းအဝေးကို မတက်နိုင်တာလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဝမ်ဝင်ပင်း (Wang Wenbin) က အင်္ဂါနေ့မှာ ပုံမှန်ကျင်းပနေတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ဝန်ကြီး ချင်ကန်းဟာ လူမြင်ကွင်းကနေ နှစ်ပတ်ကြာ ပျောက်နေတာဖြစ်ပြီး ဘာကြောင့် ကျန်းမာရေးမကောင်းလဲဆိုတာကိုတော့ ပြောခွင့်ရသူက အသေးစိတ်ကို ပြောဆိုခဲ့တာမရှိပါဘူး။

သူ့နေရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံခြားဆက်ဆံရေးကော်မရှင်ရဲ့ လက်ရှိအကြီးအကဲလည်းဖြစ်တဲ့ ဝမ်ယိက အင်ဒိုနီးရှားမှာ ကြာသပတေးနဲ့သောကြာ နှစ်ရက်ကြာကျင်းပမယ့် အာဆီယံ အစည်းအဝေးကို တက်ရောက်မယ်လို့ မစ္စတာ ဝင်ပင်းက ပြောပါတယ်။

တရုတ်နိုင်ငံဟာ အာဆီယံဒေသတွင်း ဆယ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းကို အဓိကထားပြီး ထိတွေ့ဆက်ဆံရေးမူဝါဒ ချမှတ်ထားပါတယ်။ ဒီအထဲမှာ အာဆီယံဒေသတွင်း အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန် လျော့ချနိုင်ရေးလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။