တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ရောက်နေတဲ့ မြန်မာ အစိုးရ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ပြောလိုက်တာပါ။ ဒါ့အပြင် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့လည်း ဒု-သမ္မတက အဆိုပြု တိုက်တွန်းခဲ့ကြောင်း တရုတ် အစိုးရပိုင် သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မလာခင် ရက်ပိုင်း အလိုမှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို ခရီးထွက်ခဲ့တာပါ။ ဒါဟာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး အရှိန်အဟုန်နဲ့ တိုးတက်လာပေမယ့် တစ်ဘက်မှာလည်း တရုတ် အပေါ်ထားတဲ့ သဘောထား မပြောင်းလဲဘူးဆိုတာ ဦးသိန်းစိန် အစိုးရက ရည်ရွယ်ပြသလိုက်တာ ဖြစ်တယ်လို့ တရုတ်ရေးရာ လေ့လာ ကျွမ်းကျင်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပါတယ်။ တစ်ဘက်မှာလည်း တရုတ် အနေနဲ့ မြန်မာ နိုင်ငံကို စီးပွားရေး အရ လွှမ်းမိုး ခြေကုပ်ယူထားတာကြောင့် အမေရိကန်က အခုလို မြန်မာနဲ့ နိုင်ငံရေး အရ ဆက်ဆံရေး တိုးမြင့်လာတာကို သိပ်တုန်လှုပ်ပုံ မရဘူးလို့ တရုတ်ပြည် အခြေစိုက် ဗမာပြည် ကွန်မြူနစ် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဖိုးသံချောင်းက ဆိုပါတယ်။ တရုတ်ရဲ့ စစ်ရေးအရ မဟာဗျူဟာကျပြီး ကုန်းတွင်းပိတ်နယ်မြေတွေရဲ့ ပင်လယ်ထွက်တံခါးပေါက် ဖြစ်တဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ခရီးစဉ်ဟာ နှစ်ပေါင်း ၅၀ အတွင်း အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးမှာ အဆင့် အမြင့်ဆုံး ဖြစ်တာကြောင့် တရုတ် အစိုးရ အပေါ် ရိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့လည်း နိုင်ငံတကာ ရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
0:00 / 0:00