ပုလဲမြို့နယ်ချောင်းဦးရွာ မီးလောင်ပြင်ဓာတ်ပုံ

ပုလဲမြို့နယ် ချောင်းဦးကျေးရွာကို ၂၀၂၁ ဇူလိုင် ၃ ရက်နေ့ (Google Earth) ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရပုံနှင့် မီးရှို့ခံရပြီးနောက် ၂၀၂၂ ဖေဖော်ဝါရီ ၂၀ ရက်နေ့ (Planet Labs) ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရပုံ။


(၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ဖြည့်စွက်ရေးသားထားသည်)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းက မီးရှို့ခံခဲ့ရတဲ့ ချောင်းဦးရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြင်ဖြစ်သွားတာကို ၂၀၂၂ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မနက်ပိုင်းက ချောင်းဦးရွာထဲကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ရောက်လာပြီးနောက် နေအိမ် ၃၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့အထဲက အိမ်ခြေ ၃၀၀ ကျော် မီးလောင်ကျွမ်းသွားတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။ ( ဓာတ်ပုံများကြည့်ရန် )

ပုလဲမြို့နယ် ချောင်းဦးရွာ မီးလောင်နေပုံကို ၂၀၂၂ ဖေဖော်ဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ပုလဲမြို့နယ် ချောင်းဦးရွာ မီးလောင်နေပုံကို ၂၀၂၂ ဖေဖော်ဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဖေ‌ဖော်ဝါရီ ၂၃ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းနဲ့ပြည်နယ်ကိုးခုမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်အလုံးပေါင်း ၅၂၃၁ လုံးရှိသွားပြီလို့ နိုင်ငံရေး၊ စစ်ရေးနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို သုတေသနပြုနေတဲ့ Data for Myanmar အဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။