ကုလ အစည်းအဝေး မြန်မာ အမျိုးသမီးအရေး တင်ပြမယ်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လာမယ့် ဇူလိုင်လဆန်းကျင်းပမယ့် ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံမှုပပျောက်ရေး စီးဒေါ အစည်းအဝေးမှာ မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့ အမျိုးသမီးအဖွဲ့ ၅ ဖွဲ့ တက်ရောက်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံ တွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု၊ အကာအကွယ် ကင်းမဲ့မှုနဲ့ အခွင့်အလမ်း တန်းတူညီမျှ မရရှိမှုတွေကို တင်ပြမယ်လို့ အဲ့ဒီအဖွဲ့တွေက ဒီနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လာမယ့်ဇူလိုင်လဆန်းကျင်းပမယ့် ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံမှု ပပျောက်ရေး စီးဒေါ အစည်းအဝေးမှာ မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့ အမျိုးသမီးအဖွဲ့ ၅ ဖွဲ့ တက်ရောက်မှာဖြစ် ပြီး၊ မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု၊ အကာအကွယ်ကင်းမဲ့မှုနဲ့ အခွင့်အလမ်း တန်းတူညီမျှ မရရှိမှုတွေကို တင်ပြမယ်လို့ အဲ့ဒီအဖွဲ့တွေက ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ CEDAW Action Myanmar အဖွဲ့ရဲ့ အစီအစဉ်မန်နေဂျာ မနော်အေးအေးလှိုင် က အခုလိုပြောပြ ပါတယ်။

"CEDAW မှာ ပြောပြဖို့ ရည်ရွယ်ထားပါတယ်၊ အစိုးရကလုပ်ဆောင်ဖို့ လိုအပ်တဲ့အရာတွေပေ့ါနော်၊ နောက် အမျိုးသမီးတွေကို အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ဟာတွေ၊ ကျေးလက်ဒေသမှာရှိတဲ့ အမျိုးသမီးတွေ အခြေအနေ အဲ့ဒါတွေရှိမယ်၊ နောက်တစ်ခုက နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်မှု အနေအထားပေါ့၊ ပဋိပက္ခဒေသမှာဖြစ်နေတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို အဓိကထားပြီး တင်ပြပေးဖို့ရှိပါတယ်"

CEDAW အစည်းအဝေး တက်မယ့်အဖွဲ့တွေကတော့ ကရင်လူ့အခွင့်အရေးအဖွဲ့၊ CEDAW Action Myanmar၊ အမျိုးသမီးအဖွဲ့များကွန်ရက်၊ ကျားမရေးရာတန်းတူညီမျှရေးကွန်ရက်နဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့ဖြစ်ပါတယ်။

ဒီနှစ်ကျင်းပမယ့် ၆၄ ကြိမ်မြောက် CEDAW အစည်းအဝေးကို ဇူလိုင်လ ၄ ရက်နေ့ကနေ ၂၂ ရက်နေ့ထိပြုလုပ် မှာဖြစ်ပြီး၊ မြန်မာအမျိုးသမီးအဖွဲ့တွေက စီးဒေါကော်မတီဝင်တွေနဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေကို ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက်တွေမှာပြုလုပ်မှာဖြစ်သလို၊ ၇ ရက်နေ့မှာတော့ မြန်မာအစိုးရဘက်က တင်သွင်းမယ့် အစီရင်ခံစာ အပေါ် ကော်မတီကသုံးသပ်မှာကို တက်ရောက်လေ့လာမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စီးဒေါစာချုပ်ကို ၁၉၉၇ ခုနှစ်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လာမယ့်ဇူလိုင်လဆန်းကျင်းပမယ့် စီးဒေါအစည်းအဝေး သွားတက်ဖို့ရှိတဲ့ အမျိုးသမီးအဖွဲ့တွေထဲက CEDAW Action Myanmar အဖွဲ့ရဲ့ ဂရိုဂရမ်မန်နေဂျာ မနော်အေးအေးလှိုင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org