CCTV တွေ တပ်ဆင်ပြီး မှုခင်းကျဆင်းရေးဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ ဇွန် ၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပစဉ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ ဇွန် ၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပစဉ် (Photo: Thant Zin Oo/ RFA)

ရန်ကုန်မြို့ လုံခြုံရေးအတွက် ထိန်းချုပ်စင်တာကနေ CCTV အလုံးရေ ၂၉၅၅ လုံး တပ်ဆင်ကာ မှုခင်းကျဆင်းရေး ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး က ဒီနေ့ ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ အစိုးရအဖွဲ့ရဲ့ တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မကြာခင်မှာ နောက်ထပ် အလုံးရေ ၂၄၀ ကို ထပ်မံတပ်ဆင်သွားမယ်လို့လည်း ပြောပါတယ်။

Yangon Control Center မအောင်မြင်ဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်လို့ မမှန်ကန်ကြောင်း လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ဒါ့အပြင် လာမယ့်လပိုင်းအတွင်း YBS ကားတွေတင်မကဘဲ နေရာစုံမှာအသုံးပြုနိုင်မယ့် Yangon Payment Service ကတ်စနစ်ကို စတင်တော့မယ်လို့လည်း ဒေါ်နီလာကျော်က ဆိုပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လာမယ့် ၆ လအတွင်း ကျူးကျော်နေထိုင်သူတွေအပါအဝင် ရန်ကုန်မြို့မှာ အိမ်ငှါးနေရသူတွေ နေစရာအဆင်ပြေအောင် လုပ်ဆောင်ပေးမယ်လို့ ပြောခဲ့ပါတယ်။

ရန်ကုန်မြို့မှာ လက်ရှိကျူးကျော်အတွက် စမတ်ကတ် ထုတ်ပေးထားတာ တစ်သိန်းခွဲလောက်ရှိပြီး လူဦးရေ လေးသိန်းခွဲနီးပါးရှိနေတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။