နေပြည်တော်အနီး ကားမှောက်၊ ၁၃ ဦးသေ ၁၈ ဦးဒဏ်ရာရ

နေပြည်တော်နားက မကွေး-ကန်ပြား-တောင်ညိုလမ်းမှာ မနေ့ညနေက ကားတစီးတိမ်းမှောက်လို့ လူ ၁၃ယောက်သေ ဆုံးပြီး ၁၈ ယောက် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

နေပြည်တော်နားက မကွေး-ကန်ပြား-တောင်ညိုလမ်းမှာ မနေ့ညနေက ကားတစီးတိမ်းမှောက်လို့ လူ ၁၃ ယောက်သေဆုံးပြီး ၁၈ ယောက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အဲဒီခြောက်ဘီးကားမှာ ယာဉ်မောင်းအပါအဝင် လူ ၃၂ ယောက်လိုက်ပါလာတာဖြစ်ပြီး ဝါးတွေလည်း တင်ဆောင် ထားတယ်လို့ ဆိုပါတယ်။ မော်တော်ကားဟာ စက်ချို့ယွင်းပြီး ပေ ၇၀ လောက်နက်တဲ့ ချောက်ထဲထိုးကျသွားတာလို့ သိရပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံတင်ထားပြီး ဒီနေ့မနက်ထိ ကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ သိရပါတယ်။ အဲဒီလမ်းဟာ ကားနှစ်စီးမောင်း လမ်းဖြစ်ပေမယ့် တောင်တက်တောင်ဆင်းတွေများတဲ့အပြင် လမ်းကကျဉ်းပြီး ကားနှစ်စီးလွတ်လွတ်ကျွတ်ကျွတ်မောင်းလို့မရတဲ့ အဝေးပြေးလမ်းတလမ်းဖြစ်ပါတယ်။ အဲဒီလမ်းကို အဝေးပြေး ခရီးသည်တင်ယာဉ်တွေလဲ နေ့စဉ်အသုံးပြုနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org