ကနေဒါရောက် ရွှေညဝါဆရာတော်နဲ့ ကနေဒါဝန်ကြီး Jason Kenney တွေ့ဆုံ

ကနေဒါနိုင်ငံကို ခေတ္တ ရောက်ရှိနေ တဲ့ ရွှေညဝါဆရာတော်ဟာ ကနေဒါ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဆိုင်ရာ ဝန်ကြီး Jason Kenney နဲ့ တွေ့ဆုံခဲ့ပါတယ်။

2012.11.08
shwenyawar-305 ရွှေညဝါဆရာတော် အရှင်ပညာသီဟကို ဖူးမြင်ရစဉ်
RFA

ဝန်ကြီးက ဆရာတော်ကို ဖူးတွေ့လိုကြောင်း ကနေဒီယန် - မြန်မာ မိတ်ဆွေဖြစ်အဖွဲ့နဲ့ တိုရန်တို - မြန်မာ ဒီမိုကရက်တစ်ကျောင်းသားများ အဖွဲ့တို့ကတဆင့် ကမ်းလှမ်းခဲ့တာကြောင့် တွေ့ဆုံမယ့်အကြောင်း ဝန်ကြီးနဲ့ မတွေ့ဆုံခင်အချိန်ပိုင်းအတွင်း ဆရာတော်က RFA ကို အခုလို မိန့်ပါတယ်။

"လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိသေးဘူး။ ငြိမ်းချမ်းရေးမရှိသေးရင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းက မဖြစ်နိုင်သေးဘူးဆိုတာပြောပြမှာပါ။ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့က အစိုးရအာဘော်ကို ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဘော်ကို ထောက်ခံတယ်။ မြန်မာနိုင်ငံ သံဃာထုအားလုံးရဲ့ ဆန္ဒနဲ့တပြေးညီတည်း ရှိတယ်ဆိုတာကိုပဲ ပြောချင်တယ်။ အကြမ်းဖက်လုပ်ရပ် လုံးဝမလုပ်ပါနဲ့လို့လည်း တောင်းပန်ချင်တယ်။ နှိမ်နင်းဖို့က တပ်မတော်မှာတာဝန်ရှိတယ်လေ။"

ကနေဒါ ဝန်ကြီး Jason Kenney ဟာ မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်မှုတွေကို အစဉ်ထောက်ခံပံ့ပိုးခဲ့သူ ဖြစ်ပါတယ်။

ရွှေညဝါဆရာတော်ဟာ မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ပြန်ှကြွမှာဖြစ်ပါတယ်။

ဆရာတော် အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။