ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီမှတ်ပုံတင် စောင့်ဆိုင်းဆဲ
2011.12.31

RFA
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ထားပြီး ပါတီ မှတ်ပုံတင် မကျသေးပေမယ့် ကျလာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“မှတ်ပုံတင် မချရင် လောလောဆယ် ၁၆ ရက်နဲ့ ၃၁ ရက်ကြားမှာ ပါတီမကျသေးရင် ပါတီနာမည်နဲ့တော့ မတင်နိုင်သေးဘူးပေါ့။ ကျမယ်လို့လည်း မျှော်လင့်ထားပါတယ်”
NDF အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီကလည်း ကိုယ်စားလှယ် လောင်း အမည်စာရင်း ပြုစုထားပြီး ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ မပါဝင်ဖို့ မူချမှတ်ထားတယ်လို့ ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးစိန်လှဦးက ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကတော့ တစ်နေရာ ပါဝင်ပြီး မိတ်ဆွေများ ၁ဝ ပါတီနဲ့ ပြန်လည် ညှိနှိုင်းမယ်လို့ ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားပြီး NLD ဦးဝင်းထိန်ကတော့ မိတ္ထီလာမြို့နယ်က ယှဉ်ပြိုင်ဖို့ ရှိပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က စုစည်း တင်ပြထားပါတယ်။

![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |