စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းမိ


2018.08.26
butheetaung-drug-622.JPG ဘူးသီးတောင်မြို့မှာ WY စိတ်ကြွဆေးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
.

WY စိတ်ကြွဆေးပြား ၁ သန်းကျော်ကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဘူးသီးတောင်မြို့ အမှတ်(၅) ရပ်ကွက် မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်ကို မောင်းနှင်လာတဲ့ ကားတစ်စီးပေါ် ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

အဲဒီကားနဲ့အတူပါလာတဲ့ ယာဉ်မောင်းအပါအဝင် နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

မနေ့က ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတန်ဖိုးဟာ ငွေကျပ် သန်း ၄ ထောင်ကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။