သေဒဏ်ပေးကွပ်မျက်မှုကို တောင်ကိုးရီးယားနဲ့ ဩစတြေးလျရောက် မြန်မာတွေဆန္ဒပြ

2022.07.30
သေဒဏ်ပေးကွပ်မျက်မှုကို တောင်ကိုးရီးယားနဲ့ ဩစတြေးလျရောက် မြန်မာတွေဆန္ဒပြ သေဒဏ်ပေးကွပ်မျက်မှုကို တောင်ကိုးရီးယားရောက် မြန်မာတွေဆန္ဒပြ - ၃၀ ဇူလိုင် ၂၀၂၂
Yan Naing Htun

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးဂျင်မီ (ခေါ်) ဦးကျော်မင်းယု၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်လိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်း တောင်ကိုးရီးယားနဲ့ ဩစတြေးလျနိုင်ငံရောက် မြန်မာတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာတော့ ဒီကနေ့ ညနေလေးနာရီကစပြီး လူအင်အားတစ်ထောင်လောက်ဟာ မြို့ရဲ့လူစည်ကားရာ လမ်းမတွေကနေ မြန်မာစစ်သံရုံးရှေ့ထိ လမ်းလျှောက်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေအတွက် ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် အနက်ရောင် အင်္ကျီတွေဝတ်ဆင်၊ နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး တိတ်ဆိတ်ငြိမ်သက် ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တော်ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ Federation Square မှာလည်း ဒီကနေ့ မြန်မာနိုင်ငံသား ၃ဝဝ လောက် ဆန္ဒပြပါတယ်။

ဦးဖြိုးဇေယျာသော် ဦးဂျင်မီ အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်လိုက်တာကို ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲ ဝင်ကြမယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။

မဲဘုန်းလ်က ဆန္ဒပြပွဲမှာ စစ်အာဏာသိမ်းပြီးနောက် ဩစတြေးလျနိုင်ငံရောက်နေတဲ့ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ခွန်းဗဟန်းထန်နဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသား မင်းမော်ကွန်းတို့လည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။