ဂျပန်ငလျင် ဒုက္ခသည်များကို မြန်မာနိုင်ငံသားများ ကူညီကျွေးမွေး

ဂျပန်နိုင်ငံ အီဝါတေ စီရင်စုမှာ ရှိတဲ့ မြေငလျင်နဲ့ ဆူနာမီ ဘေးဒုက္ခသည် တွေကို ဂျပန်ရောက် မြန်မာနိုင်ငံသား တွေ မနေ့က သွားရောက်တွေ့ဆုံပြီး ထမင်းဟင်း ချက်ပြုတ် ကျွေးမွေး ကူညီခဲ့ကြပါတယ်။

2011.04.09
japan-quake-evacuation-305-z ဂျပန်နိုင်ငံတွင် ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ဆူနာမီငလျင်ဒဏ်သင့် ဒုက္ခသည်များကို ကယ်ဆယ်ရေးစခန်းတခုတွင် တွေ့ရစဉ်။ (Photo: AFP)
(Photo: AFP)

ငလျင်ဘေးဒဏ်ကြောင့် ယာယီ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြတဲ့ ဂျပန်ပြည်သူတွေဟာ ပူပူနွေးနွေး ထမင်းဟင်း မစားရတာ သီတင်းပတ် အတော်ကြာပြီ ဖြစ်ပါတယ်။ မနေ့က မြန်မာနိုင်ငံသား ၂ဝ ဟာ မြေငလျင်ဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ အီဝါတာစီရင်စုကို တိုကျိုမြို့ကနေ ကားနဲ့ သွားရောက်ပြီး ငလျင်ဘေး ဒုက္ခသည် ၅ ရာကို မြန်မာအစားအစာ ပူပူနွေးနွေး ချက်ပြုတ်ကျွေးမွေးခဲ့တယ်လို့ တိုကျိုမှာ နေထိုင်တဲ့ ဦးသန်းဆွေက အာအက်ဖ်အေကို ပြောပါတယ်။

“သူတို့တွေက ကယ်ဆယ်ရေးစခန်းမှာ ဘေးနားက လာဝေတဲ့ ဂျပန်လို အိုနိဂီရီဆိုတာ မြန်မာလိုတော့ ထမင်းလုံးတွေပဲ စားနေရတော့ ပူပူနွေးနွေး စားလို့ရအောင် ဆိုပြီး ကျနော်တို့ ကြက်သား ကာလသားချက်နဲ့ အသီးအနှံတွေ ရောပြီးချက်ထားတာတွေ၊ ကော်ဖီ လက်ဖက်ရည် အပူတွေ တနိုင်တပိုင်စာ ယူပြီး မနေ့က သွားကြပါတယ်။ ဂျပန်တွေက မြန်မာအစားအစာလည်း စားဖူးနေကြ ဖြစ်တော့ အတော်လေး ကြိုက်ပါတယ်”

ဒီ အစီအစဉ်ကို မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကွန်ယက်အဖွဲ့ (NDB)က ဦးဆောင်ခဲ့တာပါ။ အဲဒီကွန်ယက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာ့ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ယဉ်ကျေးမှုအဖွဲ့တွေ အပါအဝင် အလုပ်သမား သမဂ္ဂတွေနဲ့ စုပေါင်း ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

ငလျင်ဘေးဒုက္ခသည်တွေအတွက် လက်ရှိ ကောက်ခံ ရရှိထားတဲ့ အလှူငွေကိုလည်း အကူအညီပေးဖို့ ပြင်ဆင်နေတယ်လို့ NDB တာဝန်ခံတဦးဖြစ်သူ ဦးမင်းဆွေက ပြောပါတယ်။

“မနက်ဖြန်ကျရင်လည်း သေဆုံးသွားတဲ့ ဂျပန်လူမျိုးတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ အလှူငွေ ပေးအပ်ပွဲ တိုကျိုမှာ ရှိတယ်။ လောလောဆယ် ကျနော်တို့ဆီမှာ ရရှိထားတဲ့ငွေ စာရင်းအရ ဂျပန် ယန်း သောင်း ၁၅ဝ ပတ်ဝန်းကျင်လောက် ရှိနေပါတယ်”

အလှူငွေတွေကို ဆက်လက် ကောက်ခံနေဆဲဖြစ်ပြီး ဂျပန်မြေငလျင် ဘေးဒုက္ခသည်တွေကို ကူညီချင်သူ ဂျပန်နိုင်ငံက မြန်မာတွေအနေနဲ့ NDB ကို ဆက်သွယ်ကူညီ ထည့်ဝင်နိုင်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ မြေငလျင်ဘေး နောက်ဆက်တွဲ နျူကလီးယား ဓာတ်ပေါင်းဖိုက ရေဒီယိုသတ္တိကြွ ပစ္စည်းတွေကို ပင်လယ်ပြင်ထဲ စွန့်ပစ်တာတွေ ရှိတဲ့အတွက် စားသောက်ကုန်တွေကို ထိခိုက်မှု ရှိနိုင်သလား ဆိုတာနဲ့ ပတ်သက်ပြီး တိုကျိုမြို့က မြန်မာနိုင်ငံသားတွေကို ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-04-09 17:55

စိတ်ကောင်း၊ စေတနာကောင်းရှိလိုက်ကြတာ။
ကြီးပွားချမ်းသာ တိုးတက်ကြပါစေ။ သာဓု..သာဓု..သာဓု

Anonymous
2011-04-10 00:48

Don't believe that Myanmar people are more symparheric than other nationalities and stay put in Japan. The real reason is that they dare not to go back to their own country, like others. Period, so do not boost it.

Anonymous
2011-04-09 04:59

မင်္ဂလာ တစ်ပါးပါဘဲဗျာ၊ သာဓု သာဓု သာဓု...ပါ။