ဗြိတိန်က နှစ်ဆတိုး ကူညီမယ်လို့ ၈၈ ခေါင်းဆောင်တွေကို ပြောကြား

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဟာ မနေ့က Asia House အဖွဲ့နဲ့အတူ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံရဲ့ စီပွားရေးအကြောင်း ဆွေးနွေးခဲ့ကြသလို DFID ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီးနဲ့ လည်းတွေ့ ဆုံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆွေးနွေးခဲ့ ကြပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ မနေ့က Asia House အဖွဲ့နဲ့အတူ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံရဲ့ စီပွားရေးအကြောင်း ဆွေးနွေးခဲ့ကြသလို DFID ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီးနဲ့လည်းတွေ့ဆုံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် ဗြိတိန်လွှတ်တော်အမတ်များအဖွဲ့နဲ့ လည်း မြန်မာ့နိုင်ငံရေးဆွေးနွေးခဲ့သလို ဗြိတိန်ဝန်ကြီးချုပ်နေအိမ်မှာ ရုံးအဖွဲ့မှူးနဲ့ တွေ့ခဲ့ကြပါတယ်။

ဗြိတိန်အစိုးရ အရာရှိတွေက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက် စတာလင်ပေါင် ၆၀ အထိ ၂ ဆတိုးပြီး လှူဒါန်းမယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အနာဂတ် မြန်မာနိုင်ငံမှာ ဓနသဟာယနိုင်ငံတွေနဲ့ ဆက်နွယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာတဲ့အထိ ကြိုးစားကူညီမယ်လို့ အထက်လွတ်တော်အမတ် Lord Howell က ပြောကြားခဲ့တယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။

"နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ကော House of Lord အနေနဲ့ကော သူတို့ဘက်က ဘယ်လောက်အတိုင်းအတာထိ လုပ်ပေးဖို့လိုမလဲ နောင်တစ်ချိန်မှာ ဓနသဟာယနိုင်ငံတွေအားလုံးနဲ့ ချိတ်ဆက်မယ့် စီးပွားရေးလုပ်ငန်းတစ်ခုကို မြန်မာနိုင်ငံမှာ ဖြစ်ထွန်းအောင် ကြိုးစားသွားမယ်ဆိုတာတွေ ပြောတယ်"

အဲဒီဆွေးနွေးပွဲတွေအပြီးမှာ ဗြိတိန်နိုင်ငံကို ၈ ရက်ကြာ လာရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းတွေဟာ မနေ့ညပိုင်းက လန်ဒန်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ပါတယ်။

၈၈မျိုးဆက်အဖွဲ့မှာပါဝင်တဲ့ ကိုဌေးကြွယ်ကို လန်ဒန်မြို့က မထွက်ခွာခင်မှာ RFA သတင်းထောက် မအေးနှင်းညိုက တွေ့ဆုံမေးမြန်းထားတာကို နားဆင်ပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org