ကုလဆုံးဖြတ်ချက် ဗြိတိန်ကြိုဆို

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီ အစည်းအဝေး အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ဗြိတိန် အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးဝန်ကြီး Hugo Swire က ကြေချက်ထုတ်ပြန် ကြိုဆိုလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ဗြိတိန် အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးဝန်ကြီး Hugo Swire က ကြေချက်ထုတ်ပြန် ကြိုဆိုလိုက်ပါတယ်။

အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံက အခုတစ်ကြိမ်မှာလည်း တညီတညွတ် သဘောတူခဲ့ကြပြန်ပါပြီ၊ ဒါဟာ ဗြိတိန်အစိုးရ၊ ဥရောပသမဂ္ဂ EU နဲ့ မြန်မာအစိုးရအပေါ် အပြုသဘောဆက်ဆံဖို့ အားပေးထောက်ခံခဲ့ကြတဲ့ နိုင်ငံတွေရဲ့ထင်ရှားတဲ့ အောင်မြင်မှုရလဒ်ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနေတာ၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ တိုင်းရင်းသားလူမျိုးစု ရင်ကြားစေ့ရေး အခြေအနေတွေ တိုးတက်လာတာတွေကို ကုလသမဂ္ဂက အသိအမှတ်ပြုထားပါတယ်၊ မြန်မာအစိုးရအနေနဲ့ကလည်း ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးတွေကို ဆက်လက်အားစိုက်ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲဟာ အားလုံးပါဝင်၊ ထင်သာမြင်သာရှိရှိ၊ စိတ်ချယုံကြည်ရတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေးမှာ အခြေခံဥပဒေပြင်ဆင်ရေးဟာ အဓိကကျတယ်လို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်က မီးမောင်းထိုးပြထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ကလည်း မြန်မာပြည်သူတွေဟာ သူတို့နိုင်ငံရဲ့ခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ရမယ် လို့ ပြောကြားခဲ့ပါတယ်၊ ဒါပေမဲ့ တချိန်တည်းမှာ ရခိုင်ပြည်နယ် ပဋိပက္ခအခြေအနေ၊ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရဆဲဖြစ်နေတယ်လို့ ဗြိတိန်အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးဝန်ကြီး ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org