မင်္ဂလာဒုံမြို့နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးနဲ့ ပြန်ကြားရေးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

2022.02.28
မင်္ဂလာဒုံမြို့နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးနဲ့ ပြန်ကြားရေးရုံး ဗုံးခွဲတိုက်ခိုက်ခံရ မင်္ဂလာဒုံမြို့နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးနဲ့ ပြန်ကြားရေးရုံး ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဗုံးခွဲခံခဲ့စဉ်
Photo: Generation Z Defence Force (GZDF)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးနဲ့ ပြန်ကြားရေးဌာနရုံးမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဒီနေ့မနက် ၅ နာရီလောက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက် ခိုက်ခံခဲ့ရပါတယ်။

အဲဒီရုံးတွေမှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံ ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တွေ့တာတော့ စစ်ကောင်စီတပ်သားတွေ ဒဏ်ရာနည်းနည်းပါးပါးရတာ တွေ့တယ်။ ခြေပြတ်လက်ပြတ် လောက်တဲ့အထိတော့ ဖြစ်တာမျိုး မတွေ့မိဘူး။ ရုံးတွေကတော့ အရမ်းပျက်စီးသွားတာမျိုး မတွေ့ရဘူး။ မနက် ၅ နာရီဆိုတော့ လူလည်းအရမ်းမများလို့ ဖြစ်မယ်ထင်တယ်"

Generation Z Defence Force (GZDF) အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက် ချက်ဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေနဲ့ စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ ရုံးတွေဖြစ်လို့ Human Right Defender (HRD) အဖွဲ့နဲ့ ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ တာလို့ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရ သေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။