မကွေးမြို့ ရဲစခန်းဝင်းထဲမှာ မနေ့က ဗုံးပေါက်ကွဲ

မကွေးတိုင်း မကွေးမြို့ပတ်လမ်းပေါ် မကွေးပညာရေးကောလိပ်နဲ့ မျက်နှာချင်း အဝိုင်းပတ်အနီးမှာရှိတဲ့ အမှတ် (၂) ရဲစခန်းဝင်းထဲမှာ စက်တင်ဘာလ ၂၈ ရက် မနေ့ညနေ ၄ နာရီဝန်းကျင်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးမြို့ကို တွေ့ရစဥ် Photo: CJ

မကွေးတိုင်း မကွေးမြို့ပတ်လမ်းပေါ် မကွေးပညာရေးကောလိပ်နဲ့ မျက်နှာချင်း အဝိုင်းပတ်အနီးမှာရှိတဲ့ အမှတ် (၂) ရဲစခန်းဝင်းထဲမှာ စက်တင်ဘာလ ၂၈ ရက် မနေ့ညနေ ၄ နာရီဝန်းကျင်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မကွေးမြို့ မန်ကျည်းပင်လမ်းဆုံက ရဲစခန်းဝင်းထဲမှာ ပေါက်တာ၊ အသံက အကျယ်ကြီးပဲ။ အထဲမှာပေါက် တာမို့ ထိခိုက်တာတော့ သေချာမသိရဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြော ပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးချိန်မှာ စစ်ကောင်စီတပ်သားတွေရောက်လာပြီး အနီးပတ်ဝန်းကျင်က လမ်းသွားလမ်းလာ တွေကို ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

ဒီဖောက်ခွဲမှုကို မကွေးမြို့အခြေစိုက် No Chair ပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ သူတိုရဲ့ လူမှု ကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းကလည်း မကွေးမြို့က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) တိုင်းရုံးအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ငါးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org