မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း သတ်ဖြတ်ခံရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် ဟာ စစ်တွေနဲ့ မြောက်ဦး သွားကားလမ်းပေါ်မှာ ဇန်နဝါရီ ၃ဝ ရက်နေ့ မနေ့ညနေ ၄ နာရီခွဲခန့်က သတ်ဖြတ်ခံခဲ့ရပါတယ်။ ဦးဘိုဘိုမင်းသိုက် လိုက်ပါစီးနင်းတဲ့ကားဟာ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီးမှာ လမ်းဘေးကို ထိုးကျသွားခဲ့ကြောင်းနဲ့ ကားပေါ်ကနေ လူ ၃ ဦးထွက်ပြေးသွားတာကို မြင် ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံခဲ့ရတဲ့ ဦးဘိုဘိုမင်းသိုက် စီးနင်းလာတဲ့ ကားကို ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်နေ့တွင် တွေ့ရစဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် ဟာ စစ်တွေနဲ့ မြောက်ဦးသွားကား လမ်းပေါ်မှာ ဇန်နဝါရီ ၃ဝ ရက်နေ့ မနေ့ညနေ ၄ နာရီခွဲခန့်က သတ်ဖြတ်ခံခဲ့ရပါတယ်။ ဦးဘိုဘိုမင်းသိုက် လိုက်ပါ စီးနင်းတဲ့ကားဟာ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီးမှာ လမ်းဘေးကို ထိုးကျသွားခဲ့ကြောင်းနဲ့ ကားပေါ်ကနေ လူ ၃ ဦးထွက်ပြေးသွားတာကို မြင်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သွားရောက်ကြည့်ရှုခဲ့ကြတဲ့ ဒေသခံတွေက ဦးဘိုဘိုမင်းသိုက်ရဲ့ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတွေ တွေ့ရကြောင်း ပြောကြားခဲ့ကြသလို ရရှိတဲ့ဓါတ်ပုံတွေမှာလည်း အဲဒီ ဒဏ်ရာတွေ မြင်ရပါတယ်။ 7 Day News Journal သတင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဘစု က ဦးဘိုဘိုမင်းသိုက်ကို ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့ရကြောင်း ပြောဆိုတယ်လို့ ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ ကလည်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရတာ မှန်ကန်ကြောင်းနဲ့ ကားပေါ်လိုက်ပါခဲ့ပြီး ထွက်ပြေးသွားသူတွေကို လိုက်လံရှာဖွေနေကြောင်း နိရဉ္စရာသတင်းဌာနကို အတည်ပြုပြော ကြားတယ်လို့ သိရပါတယ်။

ဦးဘိုဘိုမင်းသိုက်ဟာ ဇန်နဝါရီ ၁၆ ရက်နေ့ မြောက်ဦး ပဋိပက္ခဖြစ်ပွားစဉ်က မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်တဲ့အတွက် အခု သတ်ဖြတ်ခံရမှုကို အဲဒီပဋိပက္ခနဲ့ ဆက်စပ်ပြောဆိုချက်တွေ ပေါ်ပေါက်နေပါတယ်။ မြောက်ဦး အရေးအခင်းအပြီး ၂ ရက်အကြာမှာ ဦးဘိုဘိုမင်းသိုက်ကို ရခိုင်ပြည်နယ် အစိုးရက စစ်တွေမြို့ကို ပြောင်းရွေ့ပြီး လက်ထောက် ညွှန်ကြားရေးမှူး တာဝန်ပေးခဲ့ပါတယ်။

Eleven Media Group က သတင်းမှာတော့ ဦးဘိုဘိုမင်းသိုက် လိုက်ပါခဲ့တဲ့ကားကို မနေ့ ညနေမှာ သက်ဆိုင်ရာတွေက လာရောက်ကြည့်ရှုသွားပြီး နောက်ပိုင်း ည ၈ နာရီခန့်မှာ အမည်မသိလူတချို့က လာရောက်မီးရှို့ ဖျက်ဆီးသွားခဲ့တယ်လို့ ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org