လှိုင်မြစ်ထဲ သမ္ဗန်မှောက်ပြီး ပျောက်နေသူရှစ်ဦးအနက် လေးဦးပြန်တွေ့

ရန်ကုန်တိုင်း၊ လှိုင်မြစ်ထဲမှာ သမ္ဗန်လှေမှောက်ပြီး ပျောက်ဆုံးနေသူ ရှစ်ဦးထဲက လေးဦးရဲ့ရုပ်အလောင်းတွေကို ဇူလိုင် ၁၂ ရက် မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဆိပ်ကြီးဦးမြ ရေယာဥ်ဂိတ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ရစဉ်။

ရန်ကုန်တိုင်း၊ လှိုင်မြစ်ထဲမှာ သမ္ဗန်လှေမှောက်ပြီး ပျောက်ဆုံးနေသူ ရှစ်ဦးထဲက လေးဦးရဲ့ရုပ်အလောင်းတွေကို ဇူလိုင် ၁၂ ရက် မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ပြန်တွေ့တဲ့ရုပ်အလောင်းတွေထဲ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦးတို့ ပါဝင်ပါတယ်။

ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အလောင်းတွေက ထိလို့ကိုင်လို့တောင် မရတော့ဘူး။ တော်တော်လေး အခြေအနေ ဆိုးနေတယ်။ သက်ဆိုင်ရာဌာနတွေကနေ စစ်ဆေးမှုတွေလုပ်ဖို့ ကြည့်မြင့်တိုင်ဘက်ခြမ်းကို သယ်သွားကြတယ်။ ကျန်နေသေးတဲ့ အလောင်းတွေလည်း ဘယ်ကမ်းကပ်မလဲဆိုပြီး ဆက်ရှာနေပါတယ်"

ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အချက်အလက် မသိရသေးသူတစ်ဦးတို့ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက်မနက်ပိုင်းက ဦးမြငါးစင်ဆိပ်ကမ်းကနေ ကြည့်မြင့်တိုင်ဘက်ကိုကူးလာတဲ့ သမ္ဗန်တစ်စင်း လှိုင်မြစ်ထဲမှာ နစ်မြုပ်ခဲ့တာပါ။ အဲဒီသမ္ဗန်ပေါ်မှာ ကျောင်းသူကျောင်းသား၊ အလုပ်သမားတွေနဲ့ သမ္ဗန်လှေမောင်းသူ စုစုပေါင်း ၁၇ ဦး လိုက်ပါခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org