ထိုင်းအစိုးရကို မြန်မာ Hacker တွေ ဆက်လက်တိုက်ခိုက်
ဇန်နဝါရီလအစောပိုင်းက ထိုင်းအစိုးရရဲ့ အင်တာနက်စာမျက်နှာတွေကို ဖေါက်ထွင်း ဝင်ရောက်ပြီး အချက်အလက်တွေယူလိုက် တဲ့အဖွဲ့ဟာ နယ်စပ်အခြေ စိုက် မြန်မာအစိုးရဆန့် ကျင်ရေး ပြုလုပ်နေတဲ့အဖွဲ့တွေကို နှစ်ရှည်လများ တန်ပြန် လုပ်ဆောင်နေတဲ့ The Blink Hackers ဆိုတဲ့ အဖွဲ့ဖြစ်ကြောင်း အဲဒီအဖွဲ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖေါ်ပြ ထားတယ်လို့ ရိုက်တာသတင်းမှာ မနေ့ကဖေါ်ပြလိုက်ပါ တယ်။
-
2016-02-25 -
-
-
ဇန်နဝါရီလအစောပိုင်းက ထိုင်းအစိုးရရဲ့ အင်တာနက်စာမျက်နှာတွေကို ဖေါက်ထွင်းဝင်ရောက်ပြီး အချက်အလက်တွေ ယူလိုက်တဲ့အဖွဲ့ဟာ နယ်စပ်အခြေစိုက် မြန်မာအစိုးရဆန့်ကျင်ရေး ပြုလုပ်နေတဲ့အဖွဲ့တွေ ကို နှစ်ရှည်လများ တန်ပြန်လုပ်ဆောင်နေတဲ့ The Blink Hackers ဆိုတဲ့အဖွဲ့ဖြစ်ကြောင်း အဲဒီအဖွဲ့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ဖေါ်ပြထားတယ်လို့ ရိုက်တာသတင်းမှာ မနေ့ကဖေါ်ပြလိုက်ပါတယ်။
အဲဒီအဖွဲ့ကို အီးမေးလ်ကနေတဆင့် ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့က ခိုတောင်းကျွန်း လူသတ်မှု မှာ မြန်မာနှစ်ယောက်ကို ထိုင်းအစိုးရက သေဒဏ်ပေးလိုက်တဲ့အတွက် တုန့်ပြန်လိုက်တာလို့ ပြန်လည်ဖြေ ဆိုကြောင်းသိရပါတယ်။
သူတို့အဖွဲ့က ထိုင်းအကျဉ်းဦးစီးဌာနနဲ့ တရားရေးဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေကို ဖေါက်ထွင်း ဝင်ရောက် အချက်အလက်ရယူပြီး အွန်လိုင်းကနေ အများပြည်သူသိအောင် ထုတ်ပြန်လိုက်သလို၊ ထိုင်းအစိုးရဌာနဆိုင်ရာတွေရဲ့ ဝက်ဘ်ဆိုက်တွေက အချက်အလက်တွေ ဖေါက်ထွင်းယူပြီး ပြည်သူကို အသိပေးမယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့ကို တိုးချဲ့ထားပြီးဖြစ်သလို၊ ရိုဟင်ဂျာမွတ်စလင်တွေကို ထောက်ခံနေတဲ့သူတွေ၊ မြန်မာအစိုးရရဲ့ မူဝါဒတွေကိုဝေဖန်နေတဲ့ ပြည်တွင်းမီဒီယာတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီသတင်းမီဒီယာနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB တို့ကို ဝါဒဖြန့်ချီရေးတွေ မထုတ်လွှင့်သင့်ဘူးလို့ ယူဆထားတဲ့အတွက် အဲဒီမီဒီယာတွေရဲ့ ဝက်ဘ်ဆိုက်ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အဲဒီ The Blink Hackers အဖွဲ့က ပြောပါတယ်။