ဗန်းမော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ

RFA Burmese
2024.03.26
ဗန်းမော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ ဗန်းမော် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို လူမှုကူညီရေးအသင်း အဖွဲ့ဝင်များမှ ဗန်းမော် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေကြသည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်က တွေ့ရစဥ်။
Facebook/သုညသုခ ပရဟိတ လူငယ်အသင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နောင်လိုက်ရွာကို စစ်ကောင်စီတပ်က မတ်လ ၂၆ ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားဇနီးမောင်နှံ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေဟာ အသက် ၅၀ ကျော်အရွယ် ဦးဖိုးထောင်နဲ့ ဒေါ်မထွေးတို့ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဘာတိုက်ပွဲမှ မရှိဘူး။ လက်နက်ကိုင်တပ်တွေလည်း မရှိဘူး။ မရှိဘဲနဲ့ကို ဒီတိုင်းချတာ။ နှစ်ယောက်ဒဏ်ရာရတယ်”

ဒဏ်ရာရရှိသူ နှစ်ဦးကို ဗန်းမော် ပြည်သူ့ဆေးရုံကြီးကို ပို့ထားတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဆေးရုံတော့ ပို့ထားလိုက်ပြီ။ တစ်ဦးကတော့ ခေါင်းနောက်ပိုင်းမှာထိတာ တစ်ယောက်ကတော့ ကျောမှာထိသွားတာ”

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFAက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦးသေဆုံးပြီး ၂၆၄၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။