ငွေလိမ်လုပ်ငန်းတွေကို အပြီးအပြတ်နှိမ်နင်းမယ်လို့ BGF ခေါင်းဆောင်ပြော

RFA Burmese
2025.02.17
ငွေလိမ်လုပ်ငန်းတွေကို အပြီးအပြတ်နှိမ်နင်းမယ်လို့ BGF ခေါင်းဆောင်ပြော ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ။
Photo: KIC

မြဝတီမြို့နယ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအားလုံးကို အခုလထဲမှာ အပြီးအပြတ် နှိမ်နင်းသွားမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ပြောလိုက်ပါတယ်။

ငွေလိမ်ဂိုဏ်းတွေအပြင် တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေကိုပါ ထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး ဖယ်ရှားရှင်းလင်းသွားမှာဖြစ်ကြောင်း ဗိုလ်မှူးကြီး စောချစ်သူက ကတိပေးခဲ့တယ်လို့ ထိုင်းအခြေစိုက် Thai PBS World သတင်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖော်ပြပါတယ်။

BGF ခေါင်းဆောင်အနေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လုပ်ငန်းတွေနုဲ့ သက်ဆိုင်မှုမရှိဘဲ လုပ်ငန်းလုပ်ဖို့ မြေနေရာငှားရမ်းခပဲ ယူခဲ့တာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က BGF ဌာနချုပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောခဲ့တယ်လို့ ဆိုပါတယ်။

မြဝတီမှာ နိုင်ငံခြားသား ခုနစ်သောင်းဝန်းကျင်ရှိပြီး အများစုက တရုတ်နိုင်ငံသားတွေဖြစ်ကြောင်းနဲ့ လက်ရှိမှာ ငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်တယ်လို့ သံသယရှိသူ အယောက် တစ်ထောင်ကျော်ကို BGF က ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ ကယ်ထုတ်ထားတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လျှိုကျုံးရီက မြဝတီမြို့မှာ မနေ့က လာရောက်တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။