မြန်မာနိုင်ငံ သမိုင်းဝင် ကာလရောက်ရှိလို့ ကုလ အကြီးအကဲ ပြောကြား

နေပြည်တော်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပတဲ့ ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ သမ္မတ ဦးသိန်းစိန်ကို အတူတွေ့ရစဉ်
နေပြည်တော်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပတဲ့ ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ သမ္မတ ဦးသိန်းစိန်ကို အတူတွေ့ရစဉ် (Photo: RFA)

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်း စဉ်ဟာ အရေးအကြီးဆုံး အချိုးအကွေ့ကာလတစ်ခု ကို ရောက်ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ မနေ့ညနေကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို သူက အသိအမှတ်ပြုပြောကြားခဲ့သလို တဆက်တည်း မှာပဲ လာမယ့်နှစ် ကျင်းပမယ့် ရွေးကောက်ပွဲ ဟာ မြန် မာနိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ပါလိမ့်မယ်လို့ လည်းဝေ ဖန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာ ဘန်ကီမွန်း က မြန်မာ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူ တွေ့ဆုံ ခဲ့ရာမှာ ရခိုင်ပြည်နယ်က လူနည်းစု ရိုဟင်ဂျာလူမျိုးတွေ ခွဲခြားဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုခံနေရတာနဲ့ ပတ်သက်ပြီး မိမိရဲ့စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖေါ်ပြောကြားခဲ့ကြောင်း၊ လူ့အခွင့်ရေးတွေကို လေးစားပြီး ရိုဟင်ဂျာတွေကို လူသား ချင်းစာနာမှု အကူအညီတွေ လွတ်လပ်စွာ ပေးပို့ကူညီနိုင်အောင် အာမခံချက်ပေးဖို့လည်း တောင်းဆို ခဲ့ကြောင်းပြော ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။