မြန်မာတပ်တွေ နယ်စပ်တလျှောက် မိုင်းထောင်ထားကြောင်း HRW ပြောကြား
2017.09.23
မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ် လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန်ပြီး စွပ်စွဲပြောကြားလိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုတွေကို အမြန်ဆုံးရပ်တန့်ပြီး၊ မြေမြှုပ်မိုင်းပိတ်ပင်ရေးဆိုင်ရာ ၁၉၉၇ ခုနှစ် သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ကိုလည်း HRW အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မြန်မာဘက်က ဒုက္ခသည်တွေ ဝင်ရောက်မှု အခုရက်ပိုင်းမှာ သိသိသာသာ လျော့ကျသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကတော့ တစ်ရက်ကို ဒုက္ခသည် နှစ်သောင်းအထက် ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။