ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ
2012.04.29

AFP
သူဟာ မွန်းလွဲ ၄ နာရီလောက်မှာ ရွှေတိဂုံဘုရား တောင်ဘက်မုခ် ခြေတော်ရင်းမှာရှိတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဂူဗိမာန်မှာ ဂါရဝပြုပြီး နေပြည်တော်ကို ထွက်ခွာပါတယ်။
မေလ ၁ ရက်မှာ ရန်ကုန်ပြန်လာမှာဖြစ်ပြီး မနက်ဖြန်မှာ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုလည်း သွားရောက်မယ်လို့ UNDP တာဝန်ရှိသူတဦးက ပြောပါတယ်။
"ရောက်ရောက်ချင်း မီဒီယာတွေနဲ့ အင်တာဗျူးရှိလိမ့်မယ်။ ဒီညပါ။ Media officer team တွေနဲ့ ညစာရှိတယ်လေ။ မနက်ဖြန်ခါ မနက်ပိုင်းကို UN ကလုပ်တဲ့ သန်းကောင်စာရင်းနဲ့ ပတ်သက်ပြီး မြတ်တော်ဝင် ဟိုတယ်မှာ လက်မှတ်ထိုးမယ်။ ပြီးရင် သမ္မတဆီကို မနက်ဖြန်သွားမှာ၊ ပါလီမန်သွားမယ်။ ပြီးရှင် ရှမ်းပြည်နယ်သွားမယ်။ UNOCC လေ။ ပြီးတော့ မေလ ၁ ရက်နေ့မှာ ဒီကို ပြန်ရောက်မယ်။"
သူ့ခရီးစဉ်ဟာ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပိုမိုဖော်ဆောင်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးရေး အတွက် အားပေးတဲ့ ခရီးစဉ်ဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာကို တံခါးပြန်ဖွင့်နေတာကို မြင်တွေ့နေရပေမဲ့ ကနဦးအစမှာ အတိမ်းအစောင်းမခံ၊ ထိလွယ် ခိုက်လွယ်တဲ့ အနေအထားမျိုးမှာ ရှိနေသေးတဲ့ အကြောင်း မြန်မာနိုင်ငံကို မလာရောက်ခင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့တာပါ။
မေလ ၁ ရက်နေ့ ရန်ကုန်ပြန်ရောက်လာတဲ့အခါ မစ္စတာ ဘန်ကီမွန်းဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
ခု တတိယမြောက် ခရီးစဉ်မှာ သူနဲ့အတူ ဇနီး Mrs. Yoo Soon-taek လည်း လိုက်ပါလာပါတယ်။