အစိုးရ အကြည်ညိုပျက်စေမှုနဲ့ ပြည်မြို့ခံ တစ်ဦးကို အမှုဖွင့်မည်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဆဲဆိုထားတဲ့ အသံဖိုင်ကို အသံချဲ့စက်နဲ့ ဖွင့်လှစ်ခဲ့တဲ့ ပဲခူးတိုင်း ပြည် မြို့နယ်က ဒေသခံတစ်ဦးကို နိုင် ငံတော်အစိုးရကို အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆိုဖို့ ပဲခူးတိုင်းဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဆဲဆိုထားတဲ့ အသံဖိုင်ကို အသံချဲ့စက်နဲ့ ဖွင့်လှစ်ခဲ့တဲ့ ပဲခူးတိုင်း ပြည်မြို့နယ်က ဒေသခံတစ်ဦးကို နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုဖို့ ပဲခူးတိုင်း ဝန်ကြီးချုပ်က ညွှန်ကြား လိုက်ပါတယ်။

ကျူးလွန်သူ ဦးမျိုးချစ် ကို ဝက်ထီးကန်ရဲစခန်းမှာ ဆဲဆိုမှု၊ အသရေဖျက်မှု ၂ ခုနဲ့ အမှုဖွင့်ထားပြီး နိုင်ငံတော်အစိုးရ ကို အကြည်ညိုပျက်စေမှုနဲ့ထပ်မံ တရားစွဲဆိုဖို့ ညွှန်ကြားလိုက်တာလို့ ပြည်မြို့နယ် NLD ပါတီဥက္ကဌ ဒေါက်တာ ခင်မောင်ဝင်းက ပြောပါတယ်။

"ဝန်ကြီးချုပ် ပြည်ကိုလာတုန်းကတွေ့တယ်၊ တွေ့တဲ့အခါမှာ ခရိုင်အုပ်ချုပ်ရေး ဦးတင်မောင်ဝင်းနဲ့ ခရိုင်ရဲမှူးကြီး ဦးဝင်းကြည်တို့ရဲ့ ရှေ့မှာပဲပြောတာ၊ ဒေါ်စုနဲ့ ဦးထင်ကျော်ကို ဆဲထားတာဆိုတဲ့ အခါကျတော့ နိုင်ငံတော်အား အကြည်ညိုပျက်စေမှုဖြစ်အောင်လို့ ၁၂၄(က)နဲ့ စွဲနိုင်ဖို့ ဆရာတို့ အခုလုပ်နေကြပါတယ်"

ဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ပြည်မြို့ကိုလာရောက်စဉ်မှာ ခရိုင်ရဲမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နဲ့ တွေ့ဆုံပြီး ညွှန်ကြားခဲ့တာဖြစ် ပါတယ်။

လက်ရှိအမှုဖွင့်ထားတဲ့ ပုဒ်မတွေအရ အမှုဖွင့်ခံထားရသူဟာ အာမခံနဲ့ လွတ်မြောက်နေပါတယ်။ ဖေ့ဘွတ် စာမျက်နှာတစ်ခုမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်တို့ကို ဆဲဆိုထားတဲ့အသံဖိုင်ကို ဦးမျိုးချစ်က ဖုန်းနဲ့ကူးယူပြီး နေအိမ်မှာ အသံချဲ့စက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဟာ အာမခံပေးခွင့်မရှိဘဲ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၃နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ကျခံနိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org